ထိုင်းတွင် မြန်မာအလုပ်သမားများ လုပ်ကိုင်နေသောစက်ရုံ လဝက ဝင်ရောက်စစ်ဆေး
09 Aug 2018 1,854 Views

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ နကော့ပထုန်ခရိုင်အတွင်းရှိ စက်ရုံတစ်ရုံအား ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားဌါန နှင့် ရဲတပ်ဖွဲ့များပူပေါင်းကာ တရားမဝင်အလုပ်သမားများကို ရှောင်တစ်ခင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဝီလိရကစ်အူစဟကန်အမည်ရှိ ကော်ပစ္စည်းစက်ရုံသို့ ထိုင်း လဝက၊ အလုပ်သမားဌါနနဲ့ ရဲအဖွဲ့တို့ ပူးပေါင်းစစ်ဆေးခဲ့ရာ အဆိုပါစက်ရုံတွင် အလုပ်သမား ၇၅၃ ဦးရှိသည့်အနက် ၄၅၃ ဦးမှာ မြန်မာအလုပ်သမားများ ဖြစ်ကြောင်း သိရှိရသည်။

အလုပ်သမားများထဲမှ (နိုင်ငံသားဖော်ပြထားခြင်းမရှိသူ) ၃ ဦးမှာ မူးယစ်ဆေးဝါး သုံးဆွဲထားကြောင်း ဆီးစစ်ပြီးနောက် တွေ့ရှိခဲ့ရသည်။ ၎င်းအပြင် အထောက်အထားမမှန်ကန်သည့် မြန်မာအလုပ်သမား ၁၆ ဦးကို စစ်ဆေးတွေရှိခဲ့သည့်အတွက် အလုပ်ရှင်ဖြစ်သူကို အလုပ်သမားတစ်ဦးလျှင် ဒဏ်ငွေ ထိုင်းဘတ် ၁၆၀၀ ဖြင့် ဒဏ်ရိုက်ခဲ့ကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။
သတင်းရင်းမြစ် − Labour Hittai






