ချမ်းမြေ့မောင်ချို တုပ်ကွေးရောဂါကြောင့် ဆေးကုသမှုခံနေရ
10 Aug 2018 1,674 Views

မြန်မာနိုင်ငံမှာ လက်ရှိအအောင်မြင်ဆုံးဖြစ်နေတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Season 3 Top Finalist ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ချမ်းမြေ့မောင်ချိုဟာ နေမကောင်းဖြစ်နေတာကြောင့် သုခကမ္ဘာဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ သူမဟာ တုပ်ကွေးရောဂါဖြစ်ခြင်းအပြင် အာသီးရောင်ခြင်း၊ လေးဖက်နာ (ASO) တို့ကြောင့် သြဂုတ်လ (၉)ရက်နေ့က ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။ သူမအခုလိုနေမကောင်းဖြစ်နေတာကြောင့် မိဘဆွေမျိုး၊ အပေါင်းအသင်းများနဲ့ သူမရဲ့ပရိသတ်များကလည်း စိုးရိမ်လို့နေကြကာ အမြန်ဆုံးသက်သာလာစေဖို့လည်း ဆုမွန်ကောင်းတွေတောင်းပေးလျက်ရှိပါတယ်။
အသက်အရွယ်နဲ့မလိုက်အောင် ပြင်းထန်တဲ့ ဖိအားတွေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ခံနေရတဲ့သူမဟာ လာမယ့်စနေနေ့ညမှာ ယှဉ်ပြိုင်မယ့် Final ပွဲစဉ်မှာ အကောင်းဆုံးသီဆိုဖျော်ဖြေနိုင်ပါ့မလားဆိုပြီး ပရိသတ်တွေအားလုံးကစိုးရိမ်ပူပန်လို့နေကြပါတယ်။ ချမ်းမြေ့မောင်ချိုတစ်ယောက် ဖိုင်နယ်ပွဲစဉ်မှာအကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် သူမ အမြန်ဆုံးသက်သာလာပါစေလို့ ပရိသတ်ကြီးက ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ကြပါဦးနော်....