ဂျက်ကီချန်းနဲ့ ရုပ်ရှင်အဖွဲ့သားများကို ရွံ့ညွှံတောထဲမှ အရေးပေါ်ကယ်တင်ခဲ့ရ
10 Aug 2018 1,421 Views

ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းက သူ့ရဲ့ နောက်ထပ်အသစ်ထွက်ရှိလာမည့် “Project X” ရုပ်ရှင်ဇာတ်ကားသစ် ရိုက်ကူးနေစဉ် ရာသီဥတုဆိုးရွားလာကာ ရွံ့ညွံတောကြီးထဲ နစ်မြုတ်ခဲ့သည့်အတွက် အရေးပေါ်ကယ်ဆယ်ခဲ့ရကြောင်း တရုပ်သတင်းတွင် ဖော်ပြပါရှိသည်။
ဂျက်ကီချန်းကလည်း သူ၏ လူမှုကွန်ယက်ပေါ်တွင် အဆိုပါနေ့က အဖြစ်ပျက်ကို ပြန်လည်ရေးသားထားခဲ့သည်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က ရိုက်ကူးရေးပြုလုပ်နေစဉ် ရုတ်တရက်ရာသီဥတုပြောင်းလဲခဲ့ပြီး ရိုက်ကွင်းအဖွဲ့သာများနဲ့ ရိုက်ကူးရေးယဉ်များ နစ်မြုတ်ခဲ့သဖြင့် အဖွဲ့သားများအားလုံး ထိတ်လန့်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ အနီးရှိ ကုန်တင်ကားအကြီးစားများရဲ့ အကူအညီနဲ့ ရုန်းထွက်ခဲ့ရကြောင်း ကူညီသူများအားလုံးကို ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြခဲ့သည်။
တရုပ်နံနက်ခင်းသတင်းစာက တရုပ်နိုင်ငံတောင်ပိုင်း အထူးသဖြင့် ယူနန်ဒေသမှာ ပြီးခဲ့သည့်အပတ်က မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် ရေကြီးမှုများ ရွံ့ညွံတောကြီးများ ဖြစ်ခဲ့ကြောင်း ဖြည့်စွက်ရေးသားဖော်ပြခဲ့သည်။
ဂျက်ကီချန်းရဲ့ ရုပ်ရှင်ဇာတ်ကားသစ် “Project X “ မှာ ဂျက်ကီချန်းနဲ့အတူ အမေရိကန်နာမည်ကြီး နပမ်းသမား John Cena လည်း ပါဝင်ထားကြောင်း သိရှိရသည်။