BEC-TERO TV

နွေရာသီမှာပြောင်းလဲသင့်သောနေထိုင်မှုပုံစံများ

27 Jul 2015     1,337 Views


ပထမဆုံးကတော့နွေရာသီမှာချွေးထွက်များတဲ့အတွက်ရေဓာတ်ကိုဆုံးရှုံးတက်ပါတယ်။ထိုရေဓာတ်ကိုပြန်လည်ဖြည့်ဖို့တော့ရေများများသောက်ဖို့ပဲဆိုတာတော့အားလုံးသိပြီးသားဖြစ်ပါတယ်။နောက်တစ်မျိုးကတောပုံ့မှန်လိမ်းနေကျ မိတ်ကပ်ကိုလဲပြောင်းလဲလိမ်းသင့်ပါတယ် နဂိုက ပေါင်ဒါ base လိမ်းမယ်ဆိုရင် cream type အမျိုးအစားကိုပြောင်းလိမ်းသင့်ပါတယ်။အစိုဓာတ်ထိန်းပေးဖို့အတွက်လဲ Moisture ကိုသုံးပေးဖို့မမေ့ပါနဲ့။ 

အရောင်တွေအနေနဲ့လဲမျက်ခွံကိုခရမ်းရောင် ၊လိမ္မော်ရောင် ၊အ၀ါရောင်သန်းတဲ့အရောင် ရွေးပြိးသုံးသင့်ပါတယ်။ လက်သည်းခြေသည်းတွေကိုလဲအရောင်တောက်တောက်နွေရာသီနဲ့လိုက်ဖက်မဲ့fashionလေးတွေကိုပုံဖော်ပြိးတစ်ရောင်ထဲမဟုတ်ပဲအရောင်စုံကိုပုံဖော်ဆိုးပေးခြင်းကလက်သည်းခြေသည်းတွေရဲ့အလှကိုပိုပေါ်စေပြိးလှပစေပါတယ်။

နှုတ်ခမ်းကိုလဲနွေရာသီဖြစ်တဲ့အတွက်ခြောက်သွေ့ကွဲအပ်ခြင်းဖြစ်တက်တဲ့အတွက်Moistureပါဝင်တဲ့နှုတ်ခမ်းနီကိုဆိုးပေးသင့်ပါတယ်။အရောင်အနေနဲ့ကတော့ အနီရောင်၊ နီညိုရောင် ၊ပန်းဆီရောင် တွေကိုဆိုးပေးခြင်းဖြင့်လှပစေမှာပါ။အ၀တ်အစားအနေနဲ့လဲ နွေရာသီဖြစ်တဲ့အတွက် ချည်သားလေးတွေ ၊ပါးပါးလွှင့်လွှင့်အကျီင်္အမျိုးအစားလေးတွေကိုရွေးချယ်ပြိးဝတ်သင့်ပါတယ။်အရောင်စုံပါတဲ့ဂါဝန်လေးတွေအကျီင်္ပွပွလေးတွေကိုခါးစည်းကြိုးလှလှလေးတွေစည်းပြီးဝတ်ဆင်ရင်styleတစ်မျိုးနဲ့လှပစေမှာဖြစ်ပါတယ်။

ဖိနပ်ကိုလဲဒေါက်ဖိနပ်အနေနဲ့pancleheelလေးတွေ၊ခြေညှပ်ဖိနပ်အပါးလေးတွေ၊ခုံမြင့်ကြိုးသိုင်းလေးတွေဟာနွေရာသီနဲ့လိုက်ဖက်ပါတယ်။ဦးထုပ်ကိုလဲအ၀ိုင်းခပ်ကြီးကြီးနဲ့နေကာမျက်မှန်တက်ထားခြင်းဟာလဲနွေfashion ကိုကိုစားပြုပြိးstyleကျပီးလှပစေမှာဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ရေမွှေးဖြစ်ပါတယ်ပုံမှန်သုံးနေကြရေမွှေးမဟုတ်ပဲနွေရာသီမှာလဲရေမွှေးကိုပြောင်းသုံးသင့်ပါတယ်အသီးရံနံ့လေးတွေ၊ပန်းရံနံ့လေးတွေကိုပြောင်းသုံးခြင်းဟာလဲရေမွှေးအနံလေးကိုရတာနဲ့စိတ်ကြည်လန်းဆန်းမှုရစေမှာဖြစ်ပါတယ်။

ရာသီဥတုကြောင့်အနေအထိုင်ပြောင်းလဲရသလိုရာသီအလိုက်မိမိရဲ့အလှအပ၊fashion၊ခေါင်းအစခြေအဆုံးရာသီဥတုမတူညီတဲ့အတွက်ပြောင်းလဲပေးရမှာဖြစ်ပါတယ်။


27 Jul 2015     1,337 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style