BEC-TERO TV

အနီရောင်ဖက်ရှင်လေးနဲ့ ရဲရဲတောက်လှနေတဲ့ ပိုပို

10 Aug 2018     1,673 Views


ယောကျာ်းထုကြီးရဲ့ နှလုံးသားတစ်နေရာကို အပိုင်သိမ်းထားတဲ့ အဆိုတော်မလေး ပိုပိုကတော့ တစ်နေ့ထက်တစ်နေ့ ကြွေကျချင်စရာကောင်းလောက်အောင် ပိုပိုပြီးလှလာသူလေးတစ်ဦးပါ။ သူမဟာ အဆိုပညာရပ်ပိုင်းမှာလည်း အားသာသလို သရုပ်ဆောင်ပိုင်းကိုလည်း စတင်ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေနဲ့ ပရိသတ်ရဲ့ရင်ထဲကိုရောက်ရှိခဲ့တယ့် ပိုပိုကတော့ သူမရဲ့လှုပ်ရှားမှုပုံရိပ်မှန်သမျှကို ပရိသတ်တွေကို ချပြလေ့ရှိသူတစ်ယောက်ပါ။ ယခုလဲ အနီရောင်ဖက်ရှင်လေးနဲ့ အမြင်တစ်မျိုးဆန်းပြီး လန်းဆန်းတက်ကြွစွာ လှပနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေထားပါသေးတယ်… ရဲရဲတောက် ဖက်ရှင်အနီလေးနဲ့ လှနေတဲ့ ပိုပိုရဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်….

 


10 Aug 2018     1,673 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment