BEC-TERO TV

အမိုက်စားဒီဇိုင်းလေးနဲ့ လန်းနေတဲ့ ဘေဘီမောင်ရဲ့ဖက်ရှင်

13 Aug 2018     1,535 Views


မော်ဒယ်သရုပ်ဆောင် ဘေဘီမောင်ကတော့ မိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့ကောက်ကြောင်းအသွယ်သွယ် အလှတရားတို့ကြောင့် ပုရိဿတွေရဲ့ အားပေးဝန်းရံခြင်းကိုခံထားရသူလေးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေကချစ်သလို သူမရဲ့ပရိသတ်တွေကိုလည်း လေးစားတန်ဖိုးထားတဲ့ ဘေဘီမောင်က ပရိသတ်တွေရဲ့အကြိုက်ကိုလိုက်တတ်သူလေး တစ်ယောက်လည်းဖြစ်ပါတယ်။

မြန်မာအကျီင်္လေးနဲ့ဆို ပိုလှလို့ ပိုချစ်တယ်ဆိုတဲ့ ပရိသတ်တွေရဲ့အကြိုက်ကြောင့် ယခုနောက်ပိုင်းမြန်မာဝတ်စုံလေးတွေကိုမှ ပိုလို့သဘောကျနှစ်ခြိုက်စွာ ၀တ်ဆင်လာတဲ့သူမက ယခုလဲမြန်မာဝတ်စုံလေးကို ဒီဇိုင်းဆန်းဆန်းလေးဝတ်ပြီး လှပနေတဲ့ပုံရိပ်တွေကို ဖေ့စ်ဘွတ်အကောင့်ကနေမျှဝေထားပါတယ်။ “အကျီင်္အရောင်လေးကိုချစ်လို့”ဆိုတဲ့ စာသာလေးရေးကာ တင်ထားတဲ့သူမရဲ့ပို့စ်အောက်မှာတော့ အသဲပုံလေးတွေ ဝေဆာလို့နေပါတယ်။ မြန်မာဝတ်စုံဒီဇိုင်းဆန်းဆန်းလေးနဲ့ လှနေတဲ့ ဘေဘီမောင်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်...

 

 


13 Aug 2018     1,535 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment