BEC-TERO TV

လက်တစ်ဖက်ထဲ ပုံမှန်ထက် ထူးဆန်းစွာ သန်မာထွားကျိုင်းလာတဲ့ ကလေးငယ်

13 Aug 2018     1,751 Views


ဖိလစ်ပိုင်နိုင်ငံက အသက် ၁၁ နှစ်အရွယ် ဒန်နီရယ်လ်ဆယ်လ်ဗိမ်း ဆိုသူ ကလေးငယ်လေးရဲ့ လက်တစ်ဖက်ဟာ ကာတွန်းဇာတ်ရုပ်တစ်ရုပ်ဖြစ်တဲ့ ပေါ့ပိုင်း(Popeye) ကဲ့သို့ ကြီးထွားသန်စွမ်းလို့နေပါတယ်။

သူအသက် လေးနှစ်မှာ သူ့ရဲ့ ဘယ်ဖက်လက်ဟာ ဘာကြောင့်မှန်းမသိပဲ တစ်ဖြည်းဖြည်း ဖူးရောင်လာတာကို ခံစားခဲ့ရပါတယ်။ အဲဒီနောက် တစ်ဖြည်းဖြည်း ဆက်လက်ကြီးထွားလာရာ နှစ်နှစ်အတွင်းမှာပဲ သူ့ရဲ့ ဘယ်ဖက်လက်က ကာယဗလမောင်တစ်ယောက်ရဲ့ လက်မောင်းလို ဖြစ်လာပါတယ်။

အဲဒီအတွက်ကြောင့် သူ့ကို ကျောင်းမှာ အတန်းဖော်တွေအားလုံးက ဝိုင်းဝန်းလှောင်ပြောင် အနိုင်ကျင့်တာခံရပါတယ်။ ဒါပေမယ့် ဒန်နီရယ်လ်က စိတ်ဓါတ်မကျပဲ သူ့ရဲ့ မတူညီတဲ့ အသွင်အပြင်ကို ဓါတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်ကာ အားလုံးကို မကွယ်ဝှက်ပဲ ဖော်ပြခဲ့ပါတယ်။

ကျွန်တော့နံမည် ဒန်နီရယ်လ် ပါ ဒါပေမယ့် အားလုံးက ကျွန်တော့ကို ပေါ့ပိုင်း လို့ပဲခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့လက်က ကြွက်သားကြီးက ပေါ့ပိုင်းနဲ့ တူနေလို့ပါ။ အဲဒီအတွက် ကျွန်တော့ သူငယ်ချင်းတွေက နောက်ပြောင်ကြပါတယ်။ ကိစ္စမရှိပါဘူး ကျွန်တော်က ဒီလို ပေါ့ပိုင်းနဲ့ တူရတာကို သဘောကျပါတယ်” လို့ ရေးသားခဲ့ပါတယ်။

သူ့ရဲ့ရယ်ရွယ်ချက်က တစ်နေ့ကျရင် MMA သိုင်းပေါင်းစုံ ကစားသမားတစ်ဦး ဖြစ်ချင်ကြောင်း ပြောဆိုခဲ့ပါတယ်။
 


13 Aug 2018     1,751 Views




RELATED

Most Popular of Special or Others

Most Popular of NEWS