BEC-TERO TV

ခြံနေရာသိမ်းခံလိုက်ရသော ကျောင်းသူလေးများရဲ့ နောက်ဆက်တွဲ(ရုပ်သံ)

14 Aug 2018     1,648 Views


တောင်ငူမြို့နယ် ၄ မိုင်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာရှိ အိမ်ခြံကွက် သိမ်းယူခံရမှုနဲ့ ပက်သက်ပြီး နောက်ဆက်တွဲ ရုပ်သံထပ်မံပေါ်ထွက်လာပြန်ပါတယ်။

အငြင်းပွားမှုကို ၂၀၁၄ ခုနှစ်ထဲက သက်ဆိုင်ရာမြေစာရင်းဌါနကို ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ဖူးသော်လည်း ဖြေရှင်းပေးခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
နောက်ဆုံး အမှုဖြစ်ကြကာ တရားနိုင်သူများက သက်ဆိုင်ရာဖြင့် လာရောက်သိမ်းယူစဉ် မိသားစု ၃ ဦး နေစရာနေရာမရှိ ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

ရုပ်သံပါအချက်အလက်များအရ ခြံမြေကွက် တစ်ခုထဲကို ပြေစာနှစ်ခု ဖြစ်နေခဲ့ပြီး သက်ဆိုင်ရာနဲ့ပေါင်းကာ လုပ်စားကြောင်း အမျိုးသမီးတစ်ဦးက ပြန်လှန်ရန်တွေ့ခဲ့သည်။ မြေစာရင်းဌါနမှ ဝန်ထမ်းဟု ယူဆရသူအမျိုးသားအား စွပ်စွဲချက်များနဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုစရာရှိပါသလားဟု မေးမြန်းရာတွင် အမှားပါမည်စိုး၍ ယခုချက်ခြင်း ဘာမှပြန်လည်၍ မပြောဆိုလိုကြောင်း ပြောကြားခဲ့သည်။



 


14 Aug 2018     1,648 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS