BEC-TERO TV

ယုန်လေးကို တရားစွဲရတဲ့အကြောင်း Live လွင့်ပြီး ပြောလိုက်တဲ့စူးရှထက်

15 Aug 2018     1,315 Views


သြဂုတ်လ ၁၄ ရက်နေ့တွင် ယုန်လေးကို စူးရှထက်က တရားစွဲလိုက်တယ်ဆိုပြီး ကိုယုန်လေးက သူ၏ Facebook Status ပေါ်တင်ပြီးနောက် စူးရှထက်ဘက်ကလည်း ဘာလို့ တရားစွဲရတဲ့အကြောင်းအရင်းကို Facebook Live လွင့်ကာ ပြောခဲ့ပါတယ် ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင် တွဲတင်ပေးထားပါသည် )
 
 
စူးရှထက်ကတော့သူရဲ့ရည်းစားဖြစ်သူအဆိုတော် အစ္စဏီကိုတရားစွဲဆိုထားပြီးအမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။သူမကတော့အခုဆိုအဆိုတော်တစ်ဦးဖြစ်တဲ့ ယုန်လေးကို ထပ်ပြီးတော့တရားစွဲဆိုလိုက်ပြန်ပါပြီ။ ဒီအကြောင်းကိုတော့ စူးရှထက်က သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးပြီးတော့ တင်ထားတာဖြစ်ပါတယ်။
 
 
စူးရှထက်ကတော့ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ “လောကမှာ မနေ့ကပဲ ဖြစ်ဖြစ် တစ်လလောက်ကပဲဖြစ်ဖြစ်မိမိကျင့်ဝတ်ဖောက်ဖျက်မှုဖြစ်စေ။မိမိ ပါးစပ်သောင်းကျန်းမှုဖြစ်စေ ကိုယ်ပြုခဲ့တဲ့ အရာ ကိုယ်တာဝန်ယူရမှာ ထုံးစံပါ။
 
ကိုယ်ကျုး စဉ်ကတော့ အရသာရှိရှိ ကျင့်ဝတ်မစောင့်စည်းနိုင်ရင် ကိုယ့်ဆွေမျိုး မောင်နှမတွေကို သွားလုပ်ပါ။” လို့ ရေးထားပြီး ယုန်လေးကို ဘာကြောင့် တရားစွဲရတယ်ဆိုတဲ့ အကြောင်းကို Live လွှင့်ပြီး ပြောထားတာဖြစ်ပါတယ်။
 
 
ယုန်လေးကတော့သူ့တင်ထားတဲ့ Status မှာ “အဲ့ဒါလည်း ၂လလောက်ရှိပါပြီ . အာရုံနောက်လို့ ဘေးထွက်နေတာကိုယ်အလုပ်နဲ့ ကိုယ်တောင်မအားဘူး။ အခုကျမှတရားဆွဲတယ်တဲ့ ဘာကြောင့်လဲ . ဘာကိုလဲ။” ဆိုပြီးတော့လည်း စူးရှထက် တရားစွဲဆိုရတဲ့ အကြောင်းအရင်းကို နားမလည်တဲ့ အကြောင်း ရေးထားပါသေးတယ်။ှ
Source : ယုန်လေး & စူးရှထက်

15 Aug 2018     1,315 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS