BEC-TERO TV

မိန်းမချောလေးနှစ်ယောက်နဲ့အတူ Challenge လေးတစ်ခုလုပ်လိုက်တဲ့ ထူးအောင်

15 Aug 2018     1,479 Views


မော်ဒယ်သရုပ်ဆောင် ထူးအောင်ကတော့ ယောကျာ်းပီသစွာ ခန့်ညားတဲ့ရုပ်ရည်နဲ့ တောင့်တင်းပြီး လှပတဲ့ကြွက်သားအဖုအထစ်တို့နဲ့ အမိုက်စား Body ကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ မိန်းကလေးများသာမက ယောကျာ်းလေးများကပါ သဘောကျနှစ်ခြိုက်ရတဲ့ သရုပ်ဆောင်ထူးအောင်ကတော့ မိန်းမချောလေးနှစ်ယောက်နဲ့အတူ အမိုက်စား Challenge လေးတစ်ခုကို လုပ်လိုက်ပါတယ်။ Gym ကစားရတာကိုနှစ်ခြိုက်တဲ့ ထူးအောင်က M ဆိုင်းလု နဲ့ မေဂရေ့စ် တို့ကို ပခုံးမှာထမ်းပြီး Do U challenge လေးကို လုပ်ခဲ့တာဖြစ်ပါတယ်။

“Ki Ki challenge တော့မပာုတ်ဘူး။ Do you? Challenge.
ကျွန်တော်ရယ်၊ M Seng Lu ရယ်၊ May Grace Parry ရယ် မနေ့က Bella shooting ရိုက်ရင်းခနနားတဲ့အချိန်မှာလုပ်ဖြစ်လိုက်တဲ့ challenge လေးပါ။ ဘာပဲပြောပြောလေးတာတစ်ကယ်ပါ” ဆိုတဲ့ စာသားလေးနဲ့အတူ Do U challenge လုပ်ဖြစ်ပုံလေးကို မျှဝေရင်း ဗီဒီယိုဖိုင်လေးကို တင်ထားတာဖြစ်ပါတယ်။

ထူးအောင်ရဲ့ ခွန်အားဗလကြီးပုံကတော့ မြင်ရသူတွေကို အံ့သြသွားစေမှာပါနော်။ ထူးအောင်ရဲ့ အမိုက်စား Challenge လုပ်ထားတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်... ထူးအောင်လိုပဲ ဘယ်သူတွေက ဒီ Challenge လေးကိုလိုက်လုပ်နိုင်လဲဆိုတာလဲ ပရိသတ်ကြီးကစောင့်ကြည့်လိုက်ကြဦးနော်...

 


15 Aug 2018     1,479 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment