BEC-TERO TV

ချစ်သူရှိပေမယ့် ပရိသတ်ကိုမချပြသေးဘူးဆိုတဲ့ ဟန်လေး

15 Aug 2018     1,257 Views


အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်အခိုင်အမာရှိနေတဲ့ မော်ဒယ် ဟန်လေးရဲ့ အရင်က အချစ်ရေးကတော့ ပရိသတ်တော်တော်များများလဲ သိခဲ့ ကြပါတယ် ။ လက်ရှိ အချစ်ရေးကိုလည်း ပရိသတ်တွေ အရမ်းကိုစိတ်ဝင်စားနေကြပါတယ် ။ ဟန်လေးကလည်း သူမရဲ့ အချစ်ရေးကတော့ “အေးဆေးပါပဲ ချစ်သူက ရှိနေတာလည်း ကြာပါပြီ ။ပရိသတ်ကို ချပြဖို့ ဖွင့်ပြောဖို့ကတော့ နည်းနည်းခဲယဉ်းသွားပါတယ် ။ သူကိုယ့်ကို ချစ်နေသ၍ အဲဒီ့အချစ်တွေကို အမြဲတမ်း တန်ဖိုးထားပြီး သစ္စာရှိသွားမယ်။ ကိုယ့်ကို မချစ်တော့လို့ မနေချင်တော့ဘူး ဆိုရင်လည်း တစ်ချိန်ချိန်ကျ ထွက်သွားမှာပဲ။ နားလည်မှု နဲ့ ယုံကြည်မှု က အဓိက ပါ” ဆိုရေး ပရိသတ်တွေ သိချင်နေတဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးပြောပြထားပါတယ် ။

Crd:Myanmar celebrity

 


15 Aug 2018     1,257 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment