BEC-TERO TV

ကလေးတစ်ဦး ခြံဝင်းတံခါးကိုကျော်တက်ရင်း လည်ပင်းကို သံချောင်းစိုက်ဝင်

15 Aug 2018     2,042 Views


အသက် ၁၁ နှစ်အရွယ် ကောင်လေး တစ်ယောက်ဟာ သူ့ရဲ့ သူငယ်ချင်းနေအိမ်ရှိ ခြံဝင်းတံခါးကို ကျော်ခွတက်ခဲ့ရာမှ ချော်ကျပြီး ခြံတံခါးသံဆူးတိုင်က လည်ပင်းကို ထုတ်ချင်းပေါက်ဝင်ခဲ့ပါတယ်။

သူ့မိခင်ရဲ့ အဆိုအရ သူတို့အိမ်နဲ့ မီတာ ၈၀၀ လောက်သာဝေးတဲ့ သူငယ်ချင်းအိမ်ကို နေ့တိုင်းသွားလည်ပါတယ်။ သူ့သူငယ်ချင်းက ခြံတံခါးလာဖွင့်ရမှာပျင်းလို့ သူဟာ သွားလည်းတိုင်း ခြံတံခါးကို သူ့ဟာသူ ကျော်ခွတက်ပြီး အိမ်ထဲဝင်နေကျလို့ဆိုပါတယ်။

ဒီတစ်ကြိမ်မှာတော့ မိုးရွာပြီးခါစအချိန်ဖြစ်နေလို့ ခြံတံခါးဟာ စိုစွတ်ချောနေတာကြောင့် ချော်ပြီး သံတိုင်မှာ စိုက်နေခဲ့တာပါ။ အဲဒီအချိန်မှာ အပေါ်သံတိုင်းကို လက်နဲ့ လှမ်းဆွဲထားပြီး ခြံတံခါးမှာ စိုက်လျှက် ၁၀ မိနစ်လောက်ကြာအောင် တောင့်ခံထားပြီးမှ အိမ်နီးချင်းတွေက တွေ့သွားလို့ ကံကောင်းသွားခဲ့တာပါ။ ခြံတံခါးရဲ့ အမြင့်ဟာ ၃ မီတလောက် မြင့်ပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရောက်လာပြီး ကလေးကို ခြံတံခါးမှ ဂရုတစိုက်ဖြုတိယူကာ အနီးစပ်ဆုံး ဆေးရုံကို ပို့ပေးခဲ့ကြပါတယ်။ အဆိုပါအဖြစ်ပျက်ကတော့ ထိုင်းနိုင်ငံ ချာချုံဆောင် ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကလေးဟာ ဆေးရုံကားပေါ် တက်ခါနီး သူအခြေအနေကောင်းကြောင်း သူငယ်ချင်းတွေကို လက်မထောင်ပြသွားခဲ့တယ်လို့ သိရှိရပါတယ်။
 


15 Aug 2018     2,042 Views




RELATED

Most Popular of International News

Most Popular of NEWS