BEC-TERO TV

ဆံပင်ကာလာအမိုက်စားလေးနဲ့ လန်းနေတဲ့ မင်းသမီးလေးဖွေးဖွေး

16 Aug 2018     1,960 Views


ပရိသတ်တိုင်းရဲ့ အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးလေး ဖွေးဖွေးကတော့ ဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်ပိုင်နိုင်မှုတို့ကြောင့် အောင်မြင်မှုများစွာကို ပိုင်ဆိုင်ရရှိထားသူလေးဖြစ်ပါတယ်။ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ဟန်ဆောင်မှုကင်းပြီး ပွင့်လင်းတဲ့စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေက သဲသဲလှုပ်ချစ်နေကြရတာပဲဖြစ်ပါတယ်။ ဘယ်လိုနေနေကို ချစ်စရာကောင်းလွန်းတဲ့ ဖွေးစိန်လေးက သူမရဲ့ဆံပင်အရောင်ကို အမိုက်စားကာလာလေး ပြောင်းလဲလိုက်ပါတယ်။ အရမ်းမိုက်တဲ့ Hair colour လေးနဲ့ လန်းနေတဲ့ ဖွေးစိန်လေးရဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

ဖွေးဖွေးဟာ မကြာသေးခင်ရက်ပိုင်းလောက်က အသက် (၃၀) နှစ်ပြည့်သွားပြီဖြစ်ပြီး မမအရွယ်ကိုရောက်ရှိသွားပေမယ့် ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေဆဲဆိုတာကတော့ အမှန်ပါပဲနော်...

 


16 Aug 2018     1,960 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment