ဘယ်လိုတွေတောင် စတိုင်မိမိနဲ့ ဂေါ်လိုက်တာလဲ ဒီးဒီရယ်
16 Aug 2018 1,733 Views

ဂီတလောကမှာ နေရာတစ်နေရာကို အခိုင်အမာရရှိထားတဲ့ ရက်ပါအဆိုတော်မလေး စန္ဒီမြင့်လွင်ကတော့ သူမရဲ့အနုပညာတွေကို ပရိသတ်တွေဆီအကောင်းဆုံးချပြနိုင်သူတစ်ဦးပါ။ ဒီးဒီဟာ လက်ရှိမှာ ခင်ပွန်းနဲ့အတူသာယာတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားသူလေး တစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ကျသွားပေမယ့်လဲ သူမချစ်တဲ့ဂီတအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့အနုပညာတွေကို ချပြနိုင်ဖို့အတွက် ဆက်လက်ကြိုးစားနေဆဲဖြစ်ပါတယ်။
“Oh baby မင်းကိုငါအရူးအမူး.. မင်းအနားနားအမြဲငါနေမဲ့သူ… ဘယ်သူမှလဲနောက်ထပ်မလိုတော့ဘူး..Oh babyမင်းကို I just need you….Can I call you #papi?” ဆိုတဲ့ မကြာသေးခင်ရက်ပိုင်းလောက်က သူမရဲ့မွေးနေ့မှာထွက်ရှိထားတဲ့ Puppy ဆိုတဲ့ သီချင်းစာသားလေးနဲ့အတူ အမိုက်စားဂေါ်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာဖြစ်ပါတယ်။ အရမ်းမိုက် အရမ်းလန်းတဲ့ ဒီးဒီရဲ့ပုံလေးတွေကို ကြည့်လိုက်ပါဦးနော်....












