BEC-TERO TV

မနီလာလေဆိပ်တွင် လေယာဉ် ဆင်းသက်စဉ် ပြေးလမ်းချော်ကျ

17 Aug 2018     1,824 Views


ခရီးသည် ၁၆၅ ဦး တင်ဆောင်လာသော တရုပ်လေကြောင်းပိုင် “ရှမန်း” လေယာဉ်လိုင်းမှ လေယာဉ်တစ်စီး ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့လေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းပေါ်မှ ချော်ထွက်သွားခဲ့သည့် ဖြစ်စဉ်တစ်ခု ကြာသပတေးနေ့ ညဉ့်နက်ပိုင်းက ဖြစ်ပွားခဲ့သည်။

တရုပ်နိုင်ငံ ရှမန်းမြို့က ပျံသန်းလာတဲ့ ရှမန်းလေကြောင်းလိုင်း ခရီးစဉ်အမှတ် 8867 ဘိုးရင်း 737-800 လေယာဉ်ဟာ လေဆိပ်သို့ ဘီးချပြီးဆင်းသက်စဉ် မိုးသည်းထန်စွာရွာသွန်းတောကြောင့် ပြေးလမ်းပေါ်မှ ချော်ထွက်ပြီး မြေကြီးပေါ် စိုက်ဆင်းသွားခဲ့ကြောင်း မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ခံ ကော်နီဘန်ဂတ် က ပြောကြားခဲ့ပြီး ဖြစ်စဉ်အတိအကျ သိရဖို့ စုံစမ်းမယ်လို့ ဆိုပါတယ်။

ခရီးသည် ၁၅၇ ဦးနဲ့ လေကြောင်းဝန်ထမ်း ၈ ဦးတို့ဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိပဲ လေယာဉ်ပေါ်မှ ဘေးလွတ်ရာကို ထွက်လာနိုင်ခဲ့ပါတယ်။ ခရီးသည်တွေကို လေဆိပ်အနီးက ဟိုတယ်မှာ နေရာချပေးခဲ့ကြပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် လေဆိပ်ရဲ့ ပြေးလမ်းကို သောကြာနေည ၁၂ နာရီထိ ပိတ်ထားမှာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


17 Aug 2018     1,824 Views




RELATED

Most Popular of International News

Most Popular of NEWS