BEC-TERO TV

ကြိုက်ရင်လိုချင်ပြီး မကြိုက်ရင် စွန့်ပစ်တာ အချစ်လားလို့ မေးလိုက်တဲ့ မြတ်ကေသီအောင်

17 Aug 2018     1,358 Views


နိုင်ငံကျော် မင်းသမီးကြီးတလက်ဖြစ်တဲ့ မြတ်ကေသီအောင် ကတော့ အချစ်ရေးနဲ့ ပတ်သတ်ရင် ကံမကောင်းသူလို့ ပြောခဲ့ ဘူးသူလည်းဖြစ်ပါတယ်။ ကောလဟာလ မျိုးစုံလဲ ထွက်ခဲ့ ပြီး လူအများရဲ့ ပြစ်တင်ရှုံ့ချခြင်းကိုလည်း ခံခဲ့ရသလို အားပေးကြတဲ့ ပရိသတ်တွေလည်း ရှိနေပါသေးတယ် ။ အချစ်ရေးနဲ့ ပတ်သတ်ပြီး စာတိုလေးတွေ ရေးရေးတင်တက်တဲ့ မြတ်ကေသီအောင် ကတော့ ဒီတခါလဲ သူမအကောင့်မှာ အချစ်ရေးမှာနားလည်မှုနဲ့ ပတ်သတ်တဲ့ စာတိုလေးကိုရေးတင်လိုက်ပြန်ပါပြီ

“ နားလည်မှုဆိုတာ...

ကြိုက်ရင်လိုချင်ပြီး မကြိုက်ရင် စွန့်ပစ်တာ အချစ်တဲ့လာ????

နှုတ်ခမ်းချင်းတေ့နေတဲ့ အချိန်ပဲ အချစ်တဲ့လား????

အချစ်တခုမှာ သိပ်ချစ်တတ်လာရင် နားလည်ပါတယ်ဆိုတဲ့ စကားလုးံတွေကို လွယ်လွယ်ပြောနေမဲ့အစား သူ့ရဲ့နာကြင်မှုကို တကယ်သူ့နေရာဝင်ပြီး ခံစားပေးကြည့်လိုက်ပါ.

ဒါမှ သင်ဟာတဖက်လူကို တကယ်ချစ်ပြီး နားလည်ပေးနိင်တဲ့သူဖြစ်တော့မှာပေါ့” ဆိုပြီး ရေးထားပါတယ် ။


17 Aug 2018     1,358 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment