အနှောက်အယှက်များကင်းဝေးရာ ငြိမ်းအေးသော ရိပ်မွန်လေး
20 Aug 2018 1,799 Views

နေ့စဉ်ပတ်ဝန်ကျင်ရဲ့ ဆူညံသံတွေကို စိတ်ညစ်နေသူတွေအဖို့ ရေလယ်ကောင် ကျွန်းသေးသေးလေးမှာ ဆောက်ထားတဲ့ ကိုယ်ပိုင်အိမ်လေး တစ်လုံးကို တွေ့ရင် သေချာပေါက် အဲ့လိုနေချင်သွားကြပါလိမ့်မယ်။
အမေရိကန်ဒေါ်လာ ၂.၁၉ သန်းအကုန်ကျခံကာ ကိုယ်ပိုင်ကျွန်းပေါ်မှာတည်ဆောက်ထားတဲ့ အိမ်လေးက အမေရိကန်နိုင်ငံ Lake Winnipesaukee မှာ တည်ရှိပါတယ်။ အတွင်းခန်းပြင်ဆင်မှုတွေက အပျံစားဖြစ်ပြီး နှစ်ဆောင်တွဲ လှေအိမ်လေးလဲပါရှိပါတယ်။ အိမ်ထဲမှာတော့ အိပ်ခန်း ၃ ခန်း၊ မီးဖိုဆောင်၊ မီးလင်းဖို၊ ပြတင်းပေါက်အကောင်းစားတွေနဲ့ ဓါတ်လှေကားတစ်စင်းပါ ရှိပါတယ်။
၃,၄၃၄ စတုရန်ပတ်လည် ကျွန်းပေါ်မှာ သူ့နေရာနဲ့သူ အပြည့်ဆောက်လုပ်ထားတဲ့ အိမ်လေးကတော့ စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင်တွေကြားက ရေအလယ်ခေါင်မှာရှိပြီး အနှောက်ယှက်ကင်းစွာ သဘာဝအလှတွေကို တစ်ဝကြီးခံစား နိုင်မှာဖြစ်ပါတယ်။
ဒီအိမ်လေးကို Maxfield အိမ်ခြံမြေကုမ္ပဏီက ရောင်းချလျှက်ရှိပါတယ်။