BEC-TERO TV

မြင်သူတစ်ကာငေးရလောက်အောင် လှတဲ့ ယုသန္တာတင်ရဲ့ပုံရိပ်တစ်ချို့

20 Aug 2018     1,617 Views


မော်ဒယ်သရုပ်ဆောင် ယုသန္တာတင်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အ၀ရရှိပိုင်ဆိုင်ထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ ရိုးရှင်းသိမ်မွေ့ပြီး အပြစ်ဆိုစရာမရှိအောင် ကျော့ရှင်းလှပလွန်းတဲ့ အလှနဲ့ဆွဲဆောင်ထားသူလေးယုက ခရီးသွားရတာလဲ နှစ်သက်သူလေးတစ်ယောက်ဖြစ်ပါတယ်။ ခရီသွားနိုင်လွန်းသူကြီးလို့တောင် တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ သူမက ရောက်လေရာအရပ်က လှပတဲ့ရှုခင်းတွေနဲ့အတူ ဓာတ်ဖမ်းလေ့ရှိပြီး ပရိသတ်တွေကို လူမှုကွန်ယက်ကနေ မျှဝေလေ့ရှိသူပါ။ လက်ရှိမှာယုသန္တာတင်က ကမ္ဘောဒီးယားကိုရောက်ရှိနေတာဖြစ်ပြီး သူမရဲ့တစ်မူစွဲဆောင်မှုပိုနေတဲ့ အလွင့်ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်....

 


20 Aug 2018     1,617 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment