BEC-TERO TV

Asia’s Next Top Model မှာယှဉ်ပြိုင်နေတဲ့ Top Model Beauty

20 Aug 2018     1,321 Views


နာမည်ကြီး Model ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Asia’s Next Top Model ဟာဆိုရင် Challenge ပေါင်းများစွာနဲ့ အတော်ဆုံးModel တွေကိုမွေးထုတ်ပေးနေတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ် ။ နိုင်ငံပေါင်းစုံက အရည်အသွေးပြည့်ဝတယ့် မော်ဒယ်တွေ အများကြီး လာပြိုင်ကြသလို မြန်မာနိုင်ငံကလည်း ပထမဦးဆုံး အနေနဲ့ မော်ဒယ် မေမြတ်နိုး က သွားရောက်ယှဉ်ပြိုင်ခဲ့ ပါတယ်။ ဒီနှစ် Cycle’6  မှာလည်း ဒုတိယအကြိမ် အနေနဲ့ ညိုချော မော်ဒယ်လေး  သက်သက်သင်း ( Beauty ) ကလည်း သွားရောက်ယှဉ်ပြိုင်နေပါတယ်။ Top ( 14 ) အထိရွေးချယ်ခံထားရတဲ့ Model Beauty ရဲ့ ကြိုးစားထားမှုတွေကိုလည်း မကြာခင်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ် ။

 Cycle’s4 မေမြတ်နိုးကတော့ Top 7 Finalist ထိ တက်လှမ်းပြီး New York Fashion Week ကိုတက်ရောက်နိုင်ခဲ့ပါတယ် ။ Beauty ကကော ဘယ်အဆင့်ထိ တက်ရောက်နိုင်မလဲ ဆိုတာကတော့ အရမ်းကို စိတ်ဝင်စားစရာပါ ။ နိုင်ငံဂုဏ်ကိုဆောင်ရင်းသွားရောက်ယှဉ်ပြိုင်နေတဲ့ Beauty ကို ဝန်းရံမယ့် သူတွေ အဆင်သင့်ပဲလား ။ လာမယ့် 22 ရက်နေ့ Fox Life မှာကြသတော့မှာလည်း ဖြစ်ပါတယ်။

 


20 Aug 2018     1,321 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment