ပဲခူးမြို့တွင် ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်သားနှစ်ဦး ဓားခုတ်ခံရ
21 Aug 2018 1,630 Views

သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်က ပဲခူးမြို့ အမှတ်(၁)စခန်းမှ ဒုရဲအုပ်
ဝင်းမင်းသန့်၊ ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်သား ပြည့်ဖြိုးအောင်နှင့် ထွန်းထွန်းဝင်း တို့ကို လူအုပ်စုတစ်စုမှ ဓားဖြင့် ဝိုင်းခုတ်ခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ သိရှိရသည်။


အခင်းဖြစ်ပွားချိန်တွင် အဆိုပါ ဓားခုတ်ခံရသူ ရဲဝန်ထမ်းများမှာ အမှတ် (၃) နယ်မြေစခန်းအပိုင်တွင် ရှိနေစဉ် ဓားခုတ်ခံရမှုဖြစ်ပွားခဲ့ပြီး ဒုရဲအုပ်ဝင်းမင်းသန့်နှင့် ရဲတပ်သား ပြည့်ဖြိုးအောင်တို့မှာ ထိခိုက်ဒဏ် ရာများရရှိကာ ပဲခူးဆေးရုံကြီးသို့ အတွင်းလူနာများအဖြစ် တင်ပို့ကုသထားရပြီး ရဲတပ်သား ထွန်းထွန်းဝင်းအား ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း Bago Weekly မှတစ်ဆင့် ကနဦးသတင်းများ သိရှိရသည်။







