BEC-TERO TV

ဒါရိုက်တာမိုက်တီးအား မူးယစ်ဆေးဝါးအမှုဖြင့် အင်းစိန်ထောင်သို့ ပို့ 

22 Aug 2018     1,452 Views


သြဂုတ်လ ၂၁ ရက်နေ့တွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံထားရသော ဒါရိုက်တာမိုက်တီးကို တာမွေမြို့ နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ ခဲ့ကြောင်း သိရသည် ။
 
 
ဖြစ်စဉ်မှာ ရုပ်ရှင်ဒါရိုက်တာမိုက်တီး(ခ)သန်းထွန်းဇော်၊ (၅၃)နှစ်အား သြဂုတ်လ ၁၆ ရက်၊ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် WY စိတ်ကြွဆေးပြား (၂၆)ပြား၊ အလေးချိန် (၂.၆)ဂရမ်နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ လက်ဝယ်တွေ့ရှိခဲ့သဖြင့် တာမွေမြို့မရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
 
“ ဒီနေ့သူကို ရုံးထုတ်လို့ သွားတာပါ။ ဒီအချိန်ရောက်မှတော့ ဘာမှမပြောချင်တော့ပါဘူး။ ဒီလိုပါပဲ အမှုတစ်ခုဖြစ်သွားပြီဆိုတော့လည်း အမှုရင်ဆိုင်ရမှာပဲလေ” ဟု ဒါရိုက်တာမိုက်တီး၏ ညီမဖြစ်သူ မချစ်ချစ်ဇော်က ပြောသည်ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
 
ရုပ်ရှင်ဒါရိုက်တာ မိုက်တီးသည် သြဂုတ်လ ၁၆ ရက်နေ့တွင် မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းခံထားရပြီး တာမွေမြို့ မရဲစခန်းမှ မယ(ပ) ၂၉/၂၀၁၈ ၊ မူးစိတ်ပုဒ်မ-၁၆ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည် ။
 

22 Aug 2018     1,452 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS