ချစ်သူဘက်က မားမားမတ်မတ်ရပ်တည်လိုက်တဲ့ နေခြည်ဦး ချစ်သူ
23 Aug 2018 1,734 Views

ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ အပြင် ဖက်ရှင်ဘုရင်မ လို့ အများသိကြတဲ့ Beauty Blogger နေခြည်ဦး ရဲ့ အချစ်ရေးကလည်း လူအများစိတ်ဝင်စားတဲ့ ထဲကတခုဖြစ်ပါတယ် ။
ချီချီကလည်း သူမရဲ့ ချစ်သူကို သူ့မရဲ့ ပရိသတ်တွေ အတွက် သီသန့်ဖော်ပြလေ့ရှိပါတယ် ။လတ်လလောမှာ ချီချီ ကို မကောင်းသတင်းတွေ ပြောနေကြသလို စနိုက်ကျော်ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ထိုကိစ္စ နဲ့ ပတ်သတ်ပြီး ချီချီ ဘက်က ဘာမှ မတုန့်ပြန်သော်လည်း ချီချီ ရဲ့ ချစ်သူကတော့ သူ့ရဲ့ ig မှာ “ဖုန်းဆိုင်ဖွင့်ပွဲ ဖိတ်ကြားမှုမှာ တွေ့ဆုံခဲ့မှုကြာင့် သူအပြောခံနေရတာ တကယ်စိတ်မကောင်းပါဘူး။
ကျွန်တော့နဲ့ ကျွန်တော့ ex နှစ်ယောက်လုံးက သူ့နဲ့ ဆိုင်ဖွင့်ပွဲမှာမှ စတင်တွေ့ဖူးတာပါ။ သူငယ်ချင်းတွေမဟုတ်ပါဘူး။ သူ့လို မိန်းကလေးမျိုးကို ကျွန်တော့ဘက်က မပြတ်သားခဲ့ဘဲနဲ့ နီးစပ်အောင်လုပ်ခဲ့မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် သူ့ကိုချစ်ရတာစိတ်လုံတယ်။အခုလို အဆင်ပြေနေကြတဲ့ အချိန်မှာမှ ဒီလို သူ့ကိုဝိုင်းပြောကြတော့ ကျွန်တော်သူ့ကို ပိုချစ်
ပိုဂရုစိုက်ပေးရုံဘဲရှိပါတယ်” ဆိုပြီး ချစ်သူကို မကောင်းပြောနေကြပေမယ့် ချစ်သူကို ပိုချစ်ပါမယ်ဆိုပြီး ရေးသားခဲ့ ပါတယ် ။





