BEC-TERO TV

လှချင်လို့ မျက်တောင်မွှေး ဆက်ရာ မျက်လုံးကန်းတော့မလိုဖြစ် (ရုပ်သံ)

23 Aug 2018     1,428 Views


စူပါမော်ဒယ်လေးလို ဖြစ်အောင် အလှပြင်ဆိုင်မှာ မျက်တောင်မွှေး ဆက်ခဲ့သူ အမျိုးသမီးကို ဆိုင်က စူပါဂလူးကော်ဖြင့် မျက်တောင် ဆက်ပေးခဲ့ရာ မျက်စိတစ်ခုလုံး ရောင်းကိုင်းပြီး မျက်စိကန်းတော့မလို ဖြစ်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် Benyapa Suoap ဆိုသူ ထိုင်းအမျိုးသမီးက ဖူခက်ရှိ Hair Infinity အလှပြင်ဆိုင်တွင် ပြီးခဲ့တဲ့ သောကြာနေ့က ဘတ်ငွေ ၁,၅၀၀ (ကျပ် ၇ သောင်းနီးပါး) အကုန်အကျခံကာ မျက်တောင်မွှေး ဆက်ခဲ့ခြင်းဖြစ်သည်။

အလှပြပြင်ပေးသူက မျက်တောင်မွှေးဆက်ရာတွင် အသုံးပြုသင့်သော အလှကုန်ပစ္စည်းများအစား အမြန်ခြောက်စေရန် ဆင်တံဆပ် စူပါဂလူးကော်ကို အသုံးပြုခဲ့ပါတယ်။ တစ်မိနစ်လောက်အကြာမှာပဲ Benyapa ရဲ့ မျက်လုံးတွေ ဖူးရောင်လာပြီး မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပတဲ့အချိန်မှာတော့ အပေါ်မျက်တောင်နဲ့ အောက်မျက်တောင် နှစ်ခုထိကပ်သွားပြီး သူမရဲ့ မျက်လုံးတွေ ဖွင့်လို့ မရတော့ပါဘူး။

သူမရဲ့မျက်လုံး အဖွင့်အပိတ်လုပ်လို့ မရတော့ဘူးလို့ ဆိုင်ကိုပြောတဲ့အခါ ဆိုင်က ဘတ် ၁,၅၀၀ ကနေ ဘတ် ၁,၀၀၀ ပဲယူပြီး ဘာမှ မလုပ်ပေးတဲ့အတွက် နောက်ထပ် ဆိုင်တစ်ဆိုင်ကို တစ်နာရီနီးပါးလောက် ရှာပြီး မျက်​တောင်တွေကို ပြန်ခွာချခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

နောက်ဆုံးမှာတော့ မျက်တောင်လေးကော့ညွတ်ချင်လို့ မျက်ဆောင်သွားဆက်ခဲ့တဲ့ Benyapa ရဲ့ မျက်လုံးမှာ မျက်တောင်မွှေးတစ်ပင်မှ မကျန်တော့အောင် ရှင်းပစ်လိုကမှပဲ သူမရဲ့ မျက်လုံး အဖွင့်အပိတ် လုပ်လို့ရခဲ့ပါတယ်။

မျက်တောင်တွေ နုတ်ခဲ့ရလို့ ၃ ရက်လောက် နာကျင်စွာခံစားခဲ့ရပါတယ်။ သူမရဲ့ ရည်းစားဖြစ်သူက အဆိုပါဆိုင်ကို ပြန်သွားပြီး ပြဿနာရှာခဲ့ပေမယ့် အဲဒီဆိုင်က ပိုက်ဆံပြန်မအမ်းတဲ့အပြင် ရိုင်းရိုင်းပြပြ ပြေဆိုလွှတ်လိုက်တယ်လို့ သူမရဲ့ လူမှုကွန်ယက်မှာ ဗီဒီယိုနဲ့တစ်ကွ ရေးသားခဲ့ပါတယ်။
 


23 Aug 2018     1,428 Views




RELATED

Most Popular of Special or Others

Most Popular of NEWS