BEC-TERO TV

ကားသစ်တစ်စီး ငွေသိန်း ၂၂၀ နဲ့ တင်တောင်းတာကို ငြင်းပယ်ခဲ့တဲ့အမျိုးသား

24 Aug 2018     1,440 Views


တရုပ်နိုင်ငံက အမျိုးသားတစ်ဦးကို သူ့ရဲ့ချစ်သူ ကောင်မလေးက SUV ကားအသစ်စက်စက် တစ်စီး၊ တရုပ်ယွမ် ၁၀၀,၀၀၀ (ကျပ်သိန်း ၂၂၀ နီးပါး) နဲ့ လူပုံအလယ်မှာ တင်တောင်းခဲ့တာကို အမျိုးသားက ငြင်းပယ်ခဲ့တာကြောင့် အားလုံးက အံ့အားသင့်သွားခဲ့ရပါတယ်။

ဟန်နန်ပြည်နယ် ရှင်းမီမြို့က အသက် ၂၃ နှစ်အရွယ် ’ရှောင်ကျူ’ ဆိုတဲ့ အမျိုးသမီးက သူမရဲ့ချစ်သူကောင်လေးကို အံ့အားသင့်သွားအောင် လူပုံအလယ်မှာ လက်ထပ်ခွင့်တောင်းတဲ့ အစီအစဉ်ကို တိတ်တိတ်လေး စီစဉ်ခဲ့တာဖြစ်ပါတယ်။

တရုပ်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ အများအပြားလာရောက်လည်ပတ်ကြတဲ့ ဖူဇီတောင်ပေါ်က ယူပုံသဏ္ဍန် ဖန်သားတံတားပေါ်မှာ စီစဉ်ခဲ့တာပါ။ ဒီတံတားဟာ ချောက်ကမ်းပါးပေါ်မှ အမြင့် မီတာ ၃၆၀ မှာ တည်ဆောက်ထားပြီး ဖန်သားတံတားဖြစ်တာကြောင့် လေထဲမှာ လမ်းလျှောက်နေရသလို သည်းထိတ်ရင်ဖို ခံစားချက်ကို ဖြစ်စေပါတယ်။

ဖန်သားတံတားရဲ့ အလယ်မှာ SUV ကားအသစ်တစ်စီး ရှိနေပြီ ကားစက်ဖုံးပေါ်မှာ တင်ထားတဲ့ သေတ္တာထဲမှာ ယွန်ငွေ တစ်သိန်း ထည့်ထားပါတယ်။ အဲဒီနံဘေးမှာတော့ ကောင်မလေးက မိုက်ကရိုဖုန်းကိုင်ကာ မတ်တပ်ရပ်နေပြီး သူ့ချစ်သူ အလာကို စောင့်​နေပါတယ်။

ဒီအစီစဉ်ကို သူမက တမင်စီစဉ်ခဲ့တာဖြစ်ပါတယ်။ တစ်ကယ်တော့ သူမရဲ့ချစ်သူ ‘ကြောင်ယု’ ဆိုသူ အမျိုးသားက အမြင့်ကြောက်တတ်တဲ့ ပြဿနာရှိပါတယ်။ ဒီအကြောက်တရားကို သူမနဲ့ လက်မထပ်မီမှာ ခွာချပြီး အနာဂါတ်မှာ ဘာကိုမှမကြောက်တတ်တဲ့ ယောက်ျားတစ်ယောက်အဖြစ် ရပ်တည်သွားစေချင်တာ သူမရဲ့ စေတနာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်သူ သက်တမ်းဟာ ၃ နှစ်တာရှိခဲ့ပြီမို့ သူမအပေါ် ဘယ်လောက်ချစ်လည်း ဆိုတာကိုပါ သိချင်တာလည်းပါပါတယ်။

ဗီဒီယိုထဲမှာ မိန်းကလေးက သူမကို  လက်ထပ်ချင်တယ်ဆိုရင် ဒီတံတားကို ဖြတ်လျှောက်ပြီး သူမရှိရာဆီလာခဲ့ပါ၊ ငွေတစ်သိန်းနဲ့ ကားအသစ်ကြီးက ကြိုဆိုနေပါတယ်၊ ပြီးရင် တို့နှစ်ယောက် လက်ထပ်ကြမယ်လို့ သူမရဲ့ ချစ်သူကို မိုက်ကရိုဖုန်းကနေတစ်ဆင့် လှမ်းပြောနေပါတယ်။

အဲဒီအချိန်မှာ နှစ်ဖက်စလုံးရဲ့ သူငယ်ချင်းပရိသတ်တွေကလည်း အမျိုးသားရဲ့ ဆုံးဖြတ်ချက်ကို ရင်ခုန်စွာနဲ့ စောင့်နေကြပါတယ်။ စိတ်မရှည်တော့တဲ့ သူငယ်ချင်းနှစ်ယောက်က အမျိုးသားကို ဘေးကနေ ဝိုင်းချီပြီး ဖန်သားတံတားကြီးပေါ် တင်ပေးလိုက်တာကို တွေ့ရပါတယ်။ ဒါပေမယ့် အမျိုးသားက သွေးရူးသွေးတန်းနဲ့ တံတားပေါ်က အတင်းခုန်ချ ထွက်ပြေးသွားပြီး သူမရဲ့ လက်ထပ်ခွင့် ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပါတယ်။

ဒီအဖြစ်ပျက်ကြောင့် မိန်းကလေးဖြစ်သူ အရှက်ရခဲ့သလို သူမရဲ့ချစ်သူကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒီတံတားကြီးပေါ်မှာ လက်ထပ်ခွင့်တောင်းတဲ့ စုံတွဲတွေ အများကြီးရှိခဲ့ပေမယ့် အခုလိုအဖြစ်မျိုးကတော့ ထူးဆန်းတယ်လို့ ဆိုပါတယ်။
တစ်ကယ်တော့ အချစ်နဲ့ ပက်သက်လာရင် အမျိုးသားတွေထက် အမျိုးသမီးတွေကသာ သာ၍ ရဲရင့်ပြတ်သားတတ်ကြသူတွေဖြစ်ပါတယ်။
 


24 Aug 2018     1,440 Views




RELATED

Most Popular of Special or Others

Most Popular of NEWS