BEC-TERO TV

ဗလီမှဘုရားရှိခိုးသံ နားမခံနိုင်လို့ တိုင်ကြားသူ အမျိုးသမီး ထောင် ၁၈ လကျ

24 Aug 2018     1,534 Views


မူဆလင်ဘာသာဝင်များ အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံတွင် ဗလီမှ အသံချဲ့စက်ဖွင့်ကာ ဘုရားရှိခိုးသံကို နားမခံနိုင်လို့ တိုင်ကြားခဲ့သူ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို ဘာသာရေးဥပဒေဖြင့် ထောင်ဒဏ် ၁၈ လ ချမှတ်လိုက်သည်။

ဒေးလီးမေးလ်သတင်းပါ အချက်များအရ အဆိုပါအမျိုးသမီးမှာ အသက် ၄၄ နှစ်အရွယ် တရုပ်ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သည်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က သူမအိမ်အနီးရှိ ဗလီဘုရားရှိခိုးကျောင်းသို့ သွားရောက်ပြီး နားမခံသာသဖြင့် လော်စပီကာအသံကို တိုးပေးရန် ပြောဆိုခဲ့ရာမှ သူမ၏ လုပ်ရပ်မှာ အစ္စလာမ်ဘာသာကို စော်ကားရာရောက်သဖြင့် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျွန်းစုတစ်ခုလုံးမှာ ဗလီပေါင်း ၈ သိန်းခန့်ရှိပြီး မြို့ကြီးမြို့ငယ်များမကျန် တစ်ရက်လျှင် ၅ ကြိမ်တိုင် ဘုရားရှိခိုးကြသည်။ အင်ဒိုနီးရှား နိုင်ငံသား လူဦးရေမှာ သန်း ၂၆၀ ရှိပြီး ၉၀% မှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြကာ ဘာသာရေးကို မထီမဲ့မြင်ပြုပါက မည်သူမဆို ထောင်ဒဏ်ကျခံရလေ့ရှိသည်။

လူ့အခွင့်အရေးလှုပ်ရှားသူများကလည်း အငြင်းပွားစရာရှိနေသည့် ဘာသာရေးဥပဒေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုများ အခါအားလျော်စွာ ပြုလုပ်လေ့ရှိသည်။ ပြီးခဲ့သည့် နှစ်က ဂျာကာတာ၏ မြို့တော်ဝန်ဟောင်း (ရှားရှားပါးပါး)ဖြစ်သူ တရုပ်ခရစ်ယာန်ဘာသာဝင် ဟာ အဆိုပါ ဘာသာရေးဥပဒေနဲ့ ညိစွန်းပြီး ထောင်ဒဏ် ၂ နှစ်ကျခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက အင်ဒိုနီးရှား ဒုသမ္မတ ဂျူဆပ်ဖ်ကာလာ က ဘုရားရှိခိုးတဲ့အသံကို အခြားအိမ်နီးချင်းတွေ အနှောက်အယှက်မဖြစ်အောင် အသံလျော့ကြဖို့ နိုင်ငံသားတွေကို မေတ္တာရပ်ခံခဲ့ဖူးပါတယ်။

Source - DailyMail
 


24 Aug 2018     1,534 Views




RELATED

Most Popular of International News

Most Popular of NEWS