BEC-TERO TV

နောက်နှစ်မှာရင်သားခွဲစိတ်မှုပြုလုပ်သွားမယ်ဆိုတဲ့ နေခြည်ဦး

24 Aug 2018     2,347 Views


ဟန်ဆောင်မှုမရှိ ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်ပြီး မိန်းကလေးများအတွက် အကောင်းဆုံးသော အလှအပရေးရာ အကြံဥာဏ်များကို မျှဝေပေးလေ့ရှိတဲ့ Beauty Blogger နေခြည်ဦးကတော့ မိန်းကလေးပရိသတ်တွေရဲ့ အခိုင်အမာချစ်ခင်အားပေးခြင်းကို ခံထားရသူတစ်ယောက်ဖြစ်ပါတယ်။ အရှိကိုအရှိတိုင်းရိုးသားပွင့်လင်းလွန်းတဲ့ သူမရဲ့စိတ်ထားကြောင့် ပရိသတ်တွေက သဲသဲလှုပ်အားပေးနေကြတာဖြစ်တဲ့ ချီချီက မိန်းကလေးပီပီအလှအပကိုမြတ်နိုးသူမို့ ခွဲစိတ်ပြုပြင်ရတာကိုလည်း ကြိုက်တဲ့သူတစ်ယောက်ပါ။

နေခြည်ဦးဟာ မကြာသေးခင်က ကိုရီးယားနိုင်ငံမှာ မျက်ရစ်နဲ့ နှာခေါင်းခွဲစိတ်ပြုပြင်မှုကိုပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်ပြုပြင်ပြီးတဲ့နောက် ပြောင်းလဲလှပစွာပိုလှသွားတဲ့ ချီချီတစ်ယောက် “ချောတယ်”ဆိုတဲ့ စကားလုံးတွေကြား ပျော်မွေ့ခဲ့ရပါသေးတယ်။ Surgery လုပ်ရတာကို ကြိုက်နှစ်သက်တဲ့ ချီချီက နောက်ထပ်ခွဲစိတ်ပြုပြင်မှုတွေထပ်လုပ်သွားဖို့ရှိတယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“ခွဲစိတ်မှုတွေက ဆက်လုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်။ အခုကရုပ်ရှင်ကားကြီးတွေလဲ ၀င်လာပြီဆိုတော့ ဒီဘက်မှာပိုအာရုံစိုက်ချင်တယ်။ ပထမဆုံးဆာဂျရီလုပ်တာကလည်း ဒီနှစ်ထဲမှာဆိုတော့ တစ်ကန့်လောက်ဖြတ်ချင်နေပြီ။ နောက်လုပ်မယ့်ဆာဂျရီတွေအပိုင်းတွေကိုတော့ နောက်နှစ်မှလုပ်ဖို့ စဉ်းစားထားပါတယ်” ဆိုပြီး နောက်နှစ်မှာခွဲစိတ်ပြုပြင်မှုတွေထပ်လုပ်ဖို့ရှိကြောင်းကို ဖြေဆိုထားတာဖြစ်ပါတယ်။

ရင်သားခွဲစိတ်မှုလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးလဲ “ဘာလို့ဆို ကိုယ့်ကိုကိုယ် ပိုပြီး Confidient လဲရှိတယ်။ အကျီင်္ ၀တ်ရ၊စားရတာလဲ ပိုပြီးအဆင်ပြေအောင်လို့ အဲ့လိုခွဲစိတ်ပြုပြင်မှုလဲလုပ်ဦးမှာပါ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

နေခြည်ရဲ့ပွင့်လင်းလွန်းတဲ့စိတ်ထားလေးကတော့ ချစ်စရာကောင်းလှပါတယ်နော်။ နေခြည်ဦးဟာ  Beauty Blogger အပြင် ရုပ်ရှင်ကားကြီးတွေကိုပါလက်ခံရိုက်ကူးကာ အနုပညာအလုပ်တွေကပါ လုပ်ကိုင်လျက်ရှိနေပြီဖြစ်ပါတယ်။ ချစ်သူရှိနေပြီဖြစ်တဲ့ ချီချီက သူချစ်ကပိုတဲ့ သာယာပျော်ရွှင်တဲ့အချစ်ရေးကို ပိုင်ဆိုင်ထားသူလေးလဲဖြစ်ပါတယ်။

 

 


24 Aug 2018     2,347 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment