BEC-TERO TV

ဘုရား၊တရားမေ့ကာ မိဘပါမေ့နေတဲ့ကလေးတွေမြင်တော့ သံဝေဂရမိတယ်ဆိုတဲ့မယ်လိုဒီ

27 Aug 2018     1,874 Views


သရုပ်ဆောင်မင်းသမီးချော မယ်လိုဒီဟာဆိုရင် တစ်သားမွေးတစ်သွေးလှဆိုသလို ခေးမေတစ်ယောက်ဖြစ်ပေမယ့် အပျိုလေးတွေထက်တောင် ရင့်ကျက်တည်ငြိမ်တဲ့အလှတရားနဲ့ နုပျိုလန်းဆန်းစွာလှပနေသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာပိုင်းမှာလည်း ပရိသတ်တွေအတွက် အကောင်းဆုံးသောအနုပညာတွေကို ချပြနိုင်ဖို့ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ လူတိုင်းအပေါ်မှာ စိတ်ကောင်းစေတနာကောင်းအမြဲထားတတ်တဲ့သူမက ဘ၀တက်လမ်းအတွက်မကြိုးစားပဲ အွန်လိုင်းပေါ်မှာပဲ အချိန်ကုန်နေကြတဲ့ ကလေးများကိုတွေ့တော့ သူမအနေနဲ့ သံဝေဂရမိကာ သူတို့ဘ၀လေးတွေအတွက် စိုးရိမ်ပူပန်မိတယ်ဆိုတဲ့အကြောင်းကို လူမှုကွန်ယက်ကနေ မျှဝေထားခဲ့တာဖြစ်ပါတယ်။

“ကျောင်းစာမလုပ် ဘဝတက်လမ်းအတွက်မကြိုးစား မိဘစကားနားမထောင် အိမ်အလုပ်ကိုကူရကောင်းမှန်းမသိ…. အချိန်ပြည့်online ပေါ်တက်ပြီး ဘုရားမေ့တရားမေ့ မိဘမေ့ နေတဲ့ ကလေးတွေမြင်တော့ သံဝေဂရမိတယ်…. ကိုယ့်ကိုလူဖြစ်အောင်မွေးပေးတဲ့မိဘကို မပြုစုမစောင့်ရှောက်ဘဲ တစ်ချိန်လုးံ FBပေါ်မှာ ရှိနေတဲ့သူမျိုးကို ဘယ်လို လုပ်ရင်ကောင်းမလဲ ဘယ်လိုလုပ်ပေးရင် လူပီသတဲ့စိတ်ပြန်ဝင်လာမလဲ ကူညီပြီး တွေးပေးကြပါဦး” ဆိုကာ မိဘကိုပါမေ့လျော့နေကြတဲ့ ကလေးတွေအပေါ် စိတ်ပူပန်မိကြောင်းရေးသားထားတာဖြစ်ပါတယ်။

“ပေါ့ပေါ့နေ ပေါ့ပေါ့စား မိဘပိုက်ဆံကို အကျိုးမဲ့ဖြုန်းပြီး သက်ရှိထင်ရှားမြတ်ဘုရားမိဘကို ပစ်ထားပြီး ရည်ရွယ်ချက်မရှိတဲ့သူတွေ မဖြစ်စေချင်ဘူး…. အချိန်တွေက ပြန်ဝယ်မရဘူး နုပျိုခြင်းတွေ ရပ်တန့်မနေဘူး... ငယ်ရွယ်ချိန်မှာအခြေခံမကောင်းရင် ကြီးလာရင်ညဏ်တွေပိုတုးံနေမှာ…. အင်းးး ဒုက္ခဆိုတာ ကြုံမှသိတာမျိုး မဖြစ်စေချင်ဘူး…. သူတို့လေးတွေကို ပြောလဲမပြောချင်ဘူး…. ဥပက္ခာလဲမပြုရက်ဘူး… ဘယ်လို လုပ်ရမလဲရှင်” ဆိုပြီး ရေးသားထားပါတယ်။

သူမအနေနဲ့ ထိုသို့သော အွန်လိုင်းပေါ်မှာ အကျိုးမရှိပဲအချိန်ကုန်နေကြတဲ့ လူငယ်တွေအတွက် ဒုက္ခရောက်မှနောင်တရတဲ့အဖြစ်မျိုးနဲ့ မကြုံအောင် သူမအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ဘယ်လိုမျိုးပါဝင်ဆောင်ရွက်သင့်လဲဆိုပြီး စိတ်ပူပန်စွာ ရေးသားထားခြင်းဖြစ်ပါတယ်။ စိတ်ထားကောင်းသူလေးလို့ မပြောရလောက်အောင် သူတစ်ပါးအတွက်ပါ စိုးရိမ်ပူပန်ပေးတတ်တဲ့အထိ မမယ်လိုဒီရဲ့စိတ်ထားလေးကတော့ ချီးကျူးစရာပါပဲနော်... ပရိသတ်ကြီးလည်း မမယ်လိုဒီရေးသားထားတဲ့စာလေးကိုဖတ်ပြီး ဆင်ခြင်သုံးသပ်နိုင်ကြပါစေနော်....

 


27 Aug 2018     1,874 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment