BEC-TERO TV

Challenge လုပ်နိုင်သူကို ကိုယ်တိုင် Surprise လာလုပ်မယ်ဆိုတဲ့ ဖြူဖြူထွေး

27 Aug 2018     2,871 Views


သူတစ်မူထူးခြားတဲ့ ကကွက်တွေနဲ့ ၀တ်ဆင်စားမှုကြောင့် ဖြူဖြူထွေးဆိုပြီး ပရိသတ်တွေသိခဲ့ကြတဲ့ အက၀ါသနာအိုး ဆယ်ကျော်သက်မလေးကတော့ လူသိများအောင်မြင်ကျော်ကြားကာ ကြော်ငြာများအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာတောင် ပါဝင်သရုပ်ဆောင်လျက်ရှိနေပါပြီ။  နာမည်လေးနဲ့လိုက်အောင်ကို ဖြူဖြူစင်စင်စိတ်ထားလေးရှိတဲ့ ဖြူဖြူထွေးဟာ မကြာခဏဆိုသလိုလဲ သူမရဲ့ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေအတွက် အပန်းဖြေဟာသဗီဒီယိုဖိုင်လေးတွေကို တင်ပေးလေ့ရှိပါတယ်။

ကြော်ငြာတစ်ခုအတွက် ရိုက်ကူးပေးထားတဲ့ အကဗီဒီယိုဖိုင်လေးကို သူမရဲ့လူမှုကွန်ယက်မှာတင်ရင်း စိတ်ဝင်စားစရာကောင်းတဲ့ Challenge လေးတစ်ခုကိုလုပ်လိုက်ပါတယ်။ Challenge လေးကတော့ သူမကထားတဲ့ ကြော်ငြာဗီဒီယိုဖိုင်လေးထဲကအတိုင်း အစအဆုံးသူမနဲ့တူအောင်လိုက်ကနိုင်ရင် ကိုယ်တိုင် Surprise လာလုပ်မှာဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြောကြားထားတာဖြစ်ပါတယ်။ လွယ်လွယ်ကူကူနဲ့ မခက်ခဲတယ့် သူမရဲ့ challenge လုပ်ထားတဲ့ အကဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်...


27 Aug 2018     2,871 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment