BEC-TERO TV

ကားသွားနေစဉ် ယာဉ်မောင်းပေါ် ကျောက်တုံးကြီး ရုတ်တရက်ပြုတ်ကျ(ရုပ်သံ)

27 Aug 2018     1,551 Views


သြဂုတ်လ အစောပိုင်းက တရုပ်နိုင်ငံ ယူနန်ဒေသရှိ အဝေးပြေးလမ်းပေါ်မှာ မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ထဲသို့ ရှေ့လေကာမှန်မှတစ်ဆင့် ဝင်လာတဲ့ ကျောက်တုံးထိမှန်ပြီး ယာဉ်မောင်းသူ နံရိုးကျိုးခဲ့ရပါတယ်။

အဆိုပါယာဉ်ပေါ်မှာ ခရီးသည် ၁၄ ဦး လိုက်ပါလာပြီး တောင်ပေါ်မှတစ်ဆင့် အရှိန်နဲ့ ပြုတ်ကျလာတဲ့ ကျောက်တုံးကြီးဟာ ကားရဲ့ လေကာမှန်ကို ခွဲကာ ယာဉ်မောင်းရဲ့ နောက်ကျောကို ထိမှန်ခဲ့တာဖြစ်ပါတယ်။
ယာဉ်မောင်းဟာ နာကျင်နေပေမယ့် အရှိန်နဲ့မောင်းနှင်လာတောကြောင့် ကားကို သတိကြီးစွာထိန်းပြီး ဂိတ်ရင်းရောက်အောင် ၁၀ မိနစ်ခန့်ဆက်လက် မောင်းနှင်ခဲ့ပါတယ်။ ခရီးသည်များအားလုံး ဘေးကင်းခဲ့ပြီး ယာဉ်မောင်းကို ဆေးရုံသို့ ပို့ပေးခဲ့ပါတယ်။ ပွန်းပဲ့ဒဏ်ရာများနဲ့ နံရိုး ၄ ချောင်း ကျိုးသွားကြောင်း ဆရာဝန်က အတည်ပြုခဲ့ပါတယ်။

ယာဉ်မောင်ဟာ တာဝန်ကျေသူတစ်ဦးဖြစ်ပြီး အကယ်၍ ဒီကျောက်တုံးကြီးဟာ သူ့ရဲ့ဦးခေါင်းကို တိုက်ရိုက် ထိမှန်ခဲ့မယ်ဆိုရင်တော့ ကားတစ်စီးလုံးရဲ့ ကံကြမ္မာက မတွေးရဲတော့ပါဘူး။
 


27 Aug 2018     1,551 Views




RELATED

Most Popular of Special or Others

Most Popular of NEWS