BEC-TERO TV

ဂေါ်ဇီလာခြင်ဆေးခွေ ကျန်းမာရေးနှင့် မညီညွတ်သဖြင့် ထိုင်းအစိုးရ တားမြစ်

28 Aug 2018     1,760 Views


ဂေါ်ဇီလာခြင်ဆေးခွေကြောင့် အိမ်မွေးခွေးလေးများ သေဆုံးခဲ့ရသဖြင့် ထိုင်းနိုင်ငံတွင် ဂေါ်ဇီလာခြင်နိုင်ဆေးခွေ ရောင်းချမှုကို တားမြစ်ကာ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့က ဈေးကွက်တွင်းသို့ ကွင်းဆင်း သိမ်းယူခဲ့သည်။

မဲဆောက်ဒေသရှိ ဖချရွန်ဈေးရုံအတွင်းသို့ ကျန်းမာရေးအဖွဲ့မှ အရာရှိများကွင်းဆင်းကာ ထိုင်းနိုင်ငံကျန်းမာရေးအဖွဲ့၏ ခွင့်ပြုချက် FDA လက်မှတ် မရထားသော ဂေါ်ဇီလာ ခြင်ဆေးခွေ ၇၅ ဗူးကို သိမ်းဆည်းခဲ့ကြသည်။

လူများနဲ့ တိရိစ္ဆာန်များအတွက် အန္တရာယ်ရှိစေကြောင်း သတင်းရရှိသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း မဲဆောက်ဒေသ၏ အကြီးအကဲဖြစ်သူ ချိုင်ရာဖရွတ်တိ ချန်သန်နရတ် က ပြောကြားခဲ့သည်။

အဆိုပါ ခြင်နိုင်ဆေးများမှာ ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံ မဲဆောက်ဘက်မှတစ်ဆင့် တင်သွင်းလာပြီး ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ကြသော မြန်မာရွေ့ပြောင်းအလုပ်သမားများက အသုံးပြုကြသည်။

ဂေါ်ဇီလာခြင်နိုင်ဆေးကို အသုံးပြုဖူးသူ အသက် ၄၆ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးက ခြင်ဆေးနံ့ဟာ သူမကို မူးနောက်နောက်ဖြစ်စေတာ မှန်ပေမယ့် ခြင်ပြေးတာကြောင့် ဝယ်ယူသုံးစွဲကြောင်း ပြောဆိုခဲ့ပါတယ်။

ဂေါ်ဇီလာကို သုံးစွဲဖူးသော အခြားထိုင်းလူမျိုးများကလည်း ခြင်ပြေးသည်ဆိုသည့်အတွင် FDA လက်မှတ်မရှိသော်လည်း ဆက်လက် သုံးစွဲခဲ့ကြောင်း ပြောဆိုခဲ့သည်။

စစ်ဆေးရေးအရာရှိများက ရောင်းချသောဆိုင်ရှင်အား အရေးယူမှုတစုံတစ်ရာမရှိခဲ့သော်လည်း နောက်ထပ်ရောင်းချခြင်းမပြုရန် ပြင်းထန်စွာ သတိပေးပြောကြားခဲ့ပြီး ရှောင်တစ်ခင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ဂေါ်ဇီလာခြင်နိုင်ဆေးအား လူနှင့် တိရိစ္ဆာန်များကို အန္တရာယ်ဖြစ်စေသည့်အတွက် တားမြစ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်လိုက်သည်။

လွန်ခဲ့သည့်သုံးနှစ်ခန့်ကလည်း အွန်လိုင်းပေါ်မှတစ်ဆင့် ဂေါ်ဇီလာခြင်ဆေးငွေကို ရှုရှိုက်မိသဖြင့် ခွေးငယ်လေး သုံးကောင် သေဆုံးခဲ့ရကြောင်း ခွေးပိုင်ရှင်တစ်ဦးက ရေးသားခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ထိုင်းနိုင်ငံ မဲဆောက်ဈေးကွက်တွင် နာမည်ရစပြုလာသော ဂေါ်ဇီလာခြင်နိုင်ဆေးအား ထိုင်းကျန်းမာရေးဝန်ကြီးဌါနက တင်သွင်းရောင်းချခွင့် ပိတ်ပင်လိုက်သည်။

 


28 Aug 2018     1,760 Views




RELATED

Most Popular of International News

Most Popular of NEWS