BEC-TERO TV

ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုပြည့်ဝခဲ့ပြီဆိုတဲ့ ဧငြိမ်းဖြူ

28 Aug 2018     2,355 Views


နိုင်ငံခြားဆန်တဲ့ ရုပ်ရည်သွင်ပြင်မျိုးကိုပိုင်ဆိုင်ထားပြီး ဖြူဖွေးဝင်းမွတ်စိုပြည်တဲ့ အသားအရေနဲ့ ချောမောလှပလွန်သူလေးဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင်ဧငြိမ်းဖြူက သူမရဲ့အလှတရားတို့ကြောင့် ပရိသတ်ကြားရေပန်းစားသူလေးဖြစ်ပါတယ်။ ဒါ့အပြင် အဆိုတော်ရဲရင့်အောင်ရဲ့ချစ်သူလေးလို့လဲ အများကသိကြတဲ့ သူမကတော့  တောင်ပြုံးနတ်ကနားပွဲကအပြန် ပုဂံဘုရားတွေကိုဝင်ရောက်ဖူးမြော်ရင်း သူမရဲ့ဆန္ဒလေးတစ်ခုကို အကောင်အထည်ဖော်ခဲ့ပါတယ်။

“ပုဂံအနှံပုံတွေ အများကြီးရိုက်ချင်တဲ့ ဆန္ဒလေးပြည့်ခဲ့ပြီ....” ဆိုကာ သူမအရမ်းလုပ်ချင်ခဲ့တယ့်ဆန္ဒလေးတစ်ခုပြည့်ဝသွားတဲ့အတွက်လည်း အတိုင်းထက်အလွန်ကို ပျော်ရွှင်လို့နေပါတယ်။ ပုဂံဘုရားမှာ ဧငြိမ်းဖြူတစ်ယောက် ဘယ်လိုမျိုးနန်းဆန်ဆန်နဲ့ လှနေလဲဆိုတာ ပုံလေးတွေကြည့်လိုက်ကြဦးနော်....

 

 


28 Aug 2018     2,355 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment