BEC-TERO TV

ဆင်လူသားရဲ့ အဖြစ်ဟာ အတိတ်ဘဝက ဝဋ်ကြွေးတွေများလား..?

28 Aug 2018     1,431 Views


တရုပ်နိုင်ငံက အမျိုးသားတစ်ဦးဟာ မွေးရာပါရောဂါဟုဆိုရမည့် မျက်နှာအရေပြားများ ကြီးထွားတွဲရွဲကျသည့် ဝေဒနာကို ဘဝတစ်လျောက်လုံး ခံစားနေခဲ့ရပြီး အခုဆိုရင် သူ့ရဲ့မျက်နှာ တစ်ခုလုံးရဲ့  အလေးချိန်ဟာ ၃၃ ပေါင် ရှိနေပါတယ်။ သူ့ကို တရုပ်နိုင်ငံက “ဆင်လူသား” အဖြစ် အားလုံးက သိထားကြပါပြီ။

သူ့ရဲ့နာမည်အရင်းက “ဟွမ်ချွမ်ချိုင်း” ဖြစ်ပြီး အသက် ၃၉ နှစ်ရှိပါပြီ။ ဒီဝေဒနာကို ခံစားနေခဲ့ရတာ ၃၅ နှစ်တိုင်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာအသွင်အပြင်ကြောင့် တရုပ်နိုင်ငံက လူထူးလူဆန်း ပြပွဲအစီစဉ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်၊ ဒါပေမယ့် သူက အဲဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။

သူ့ရဲ့ရောဂါကို အရင်က ဆေးသုတေသီတွေက စမ်းသပ်ခဲ့ဖူးပြီး ဆေးသိပ္ပံသမိုင်းမှာတော့ အဆိုးရွားဆုံး ရောဂါတစ်ရအပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ရဲ့မျက်နှာပြင် ခွဲစိပ်မှုကို ၄ ကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။ ပထမဦးဆုံး ခွဲစိပ်မှုကို ၂၀၀၇ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး နောက်ထပ် သုံးကြိမ်ကိုတော့ နောက်ပိုင်း နှစ်တွေမှာ ဆက်တိုက်လုပ်ခဲ့ပါတယ်။

ဒါပေမယ့် ခွဲစိတ်မှုတွေက စဉ်ဆက်မပြတ်ကြီးထွားနေတဲ့ သူ့ရဲ့မျက်နှာအခြေအနေကို သက်သာအောင် မလုပ်ပေးနိုင်ခဲ့ပါဘူး။ “ဟွမ်” ဟာ မိသားစုတွေနဲ့အတူ နေထိုင်ပြီး သူ့ရဲ့မိသားစုတွေကတော့ သူ့ရဲ့မျက်နှာကို မြင်နေသားကျနေပါပြီ။ ဒါပေမယ့် မျက်နှာက အသားပိုတွေကတော့ ဆက်ပြီး ကြီးထွားနေဆဲဖြစ်ပါတယ်။

ဘာသာရေးအယူအဆအရဆိုလျှင် အတိတ်ဘဝက ဝဋ်ကြွေးလေလား..? တစ်ပါးသူကို ကဲ့ရဲ့ရှုံ့ချခဲ့ဖူးလို့လေလား..? ဆိုတာကတော့...
 


28 Aug 2018     1,431 Views




RELATED

Most Popular of Special or Others

Most Popular of NEWS