BEC-TERO TV

လင်းပိုင်တစ်ကောင် လိင်စိတ်ပြင်းထန်နေ၍ ကမ်းခြေတွင် ရေကူးခွင့် တားမြစ်ထားရ

29 Aug 2018     1,504 Views


ပြင်သစ်နိုင်ငံ က ပင်လယ်ကမ်းခြေရွာလေးတစ်ရွာဖြစ်တဲ့ ‘ဘရစ်တနီ’ ကမ်းခြေမှာ ရေကူးခွင့်ကို မြို့တော်ဝန်က တားမြစ်လိုက်ပါတယ်။ ပင်လယ်ထဲက လင်ပိုင်တစ်ကောင်ဟာ လိင်စိတ်မွှန်ပြီး တွေ့သမျှလူတွေ လှေတွေကို လိုက်လံ ပွတ်သီးပွတ်သပ်၊ ဖက်ယက်တွန်းတိုက်နေတာကြောင့် အခုလို တားမြစ်လိုက်တယ်လို့ နိုင်ငံတစ်ကာ သတင်းတွေမှာ​ဖော်ပြထားပါတယ်။

အရှည် ၃ မီတာခန့်ရှိပြီး “ဇာဖာ”လို့ အမည်ပေးထားတဲ့ လင်းပိုင်တစ်ကောင်ဟာ ရေကူးနေတဲ့သူအချို့ကို ကမ်းခြေဘက်ကို ပြန်မသွားနိုင်အောင် တားမြစ်နှောက်ယှက်မှုတွေလုပ်နေပြီး ရေကူးနေတဲ့ အမျိုးသမီးတစ်ဦးကို သူ့ရဲ့နှုတ်သီးနဲ့ ကော်တင်ကာ လေထဲပစ်မြောက်တာတွေ လုပ်ခဲ့ပါတယ်။

လိင်စိတ်နိုးကြွနေတဲ့ လင်းပိုင်ဟာ ပင်လယ်ထဲက အလုံပိတ်ကယက်လှေတွေ၊ လှေအသေးစားလေးတွေကိုလည်း လိုက်လံ ပွတ်တိုက်မှုတွေ လုပ်နေကြောင်း ဖော်ပြထားပါတယ်။ “ဇာဖာ”ဟာ ဘရက်စ်ပင်လယ်အော်မှာ လှည့်လည်နေတာ လအနည်းငယ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကမ်းခြေကို အလည်လာကြတဲ့ ဧည့်သည်တွေအတွက် စိတ်ကြည်နူးစရာ စွဲဆောင်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

လှေလှော်ရွက်တိုက်သင်တန်းကျောင်းက ကလေးတွေဟာ သူတို့ရဲ့ လှေတွေအနားမှာ “ဇာဖာ”က ရုတ်တရက်ပေါ်လာတတ်ပြီး လေထဲမှာ တစ်ပတ်လှည့်ကျွမ်းပစ်ပြတတ်တာကြောင့် အရမ်းကို သေဘာကျကြပါတယ်။ တစ်ခါတစ်ရံ “ဇာဖာ”က ရေကူးတဲ့သူတွေကို သူ့ရဲ့အတောင်လေးမှာ ချိပ်ပြီးလိုက်စီးခွင့်လည်း ပေးတတ်လောက်အောင် ယဉ်ပါးခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ခန့်ကစလို့ “ဇာဖာ”ရဲ့ အပြုအမူတွေ ပြောင်းလဲခဲ့ပြီး လိင်စိတ်နိုးကြွတဲ့ အပြုအမူတွေနဲ့ ရေကူးသူတွေကို အန္တရာယ်ဖြစ်စေနိုင်လောက်အောင် ပွတ်သီးပွတ်သပ်တွေ လုပ်လာခဲ့ပါတယ်။

ဒါကြောင့်မို့ ‘လန်ဒီဗန်းနက်’ ရဲ့ မြို့တော်ဝန် ရော်ဂျာလားစ် က ကမ်းခြေမှာ ရေကူးခွင့်ကို တားမြစ်ခဲ့သလို အဆိုပါ လင်းပိုင်နဲ့ ၅၀ မီတာအတွင်း မနေကြဖို့ကိုလည်း တားမြစ်ထားပါတယ်။

 

ဗီဒီယို - နမူနာသက်သက်သာ
 


29 Aug 2018     1,504 Views




RELATED

Most Popular of International News

Most Popular of NEWS