BEC-TERO TV

ဇနီးကိုသတ်ပြီး ရုံးခန်းထဲက သေတ္တာထဲဝှက်ထားတဲ့ တက္ကသိုလ်ကျောင်းဆရာ ဖမ်းဆီးမိ

29 Aug 2018     1,600 Views


ဇနီးသည်ကို သတ်ပြီးနောက် လက်ဆွဲသေတ္တာထဲသို့ ထည့်ကာ သူ၏ရုံးခန်းအတွင်း ဝှက်ထားသော တက္ကသိုလ်မှ ပရော်ဖက်ဆာတစ်ဦးကို သြဂုတ်လ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ရဲအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဟောင်ကောင်တက္ကသိုလ် စက်မှုအင်ဂျင်နီယာဌါနမှ ပရော်ဖက်ဆာ “ချောင်ကီချောင်”ရဲ့ တက္ကသိုလ်အလုပ်ခန်းထဲက သစ်သားသေတ္တာတစ်ခုထဲမှာ သူ့ဇနီးသည်ရဲ့ အလောင်းကို ရဲအဖွဲ့က ရှာဖွေတွေရှိခဲ့တာပါ။ အတွင်းခံများသာ ဝတ်ထားတဲ့ အလောင်းရဲ့ ခန္ဓာကိုယ်နဲ့ လည်ပင်းတို့မှာ လျှပ်စစ်ဝါယာကြိုးများနဲ့ ရစ်ပတ်ထားတာကို တွေ့ခဲ့ရတယ်လို့ ဟောင်ကောင်ရဲမှူး လော်ကွတ်ဟွိုင် က ဆိုပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့က ဇနီးဖြစ်သူ မိသားစုနဲ့ အငြင်းအခုန်ဖြစ်ပြီး အိမ်ကနေထွက်ကာ ပျောက်သွားကြောင်း “ချောင်” က ရဲတိုင်ခဲ့ပါတယ်။ သူတို့မိသားစုဟာ ဟောင်ကောင်တက္ကသိုလ်ထဲက အဆောင်အိမ်ယာမှာ သားသမီးနှစ်ယောက်နဲ့အတူ နေထိုင်ပါတယ်။ “ချောင်” ဟာ အဲဒီအိမ်ယာရဲ့ အဆောင်မှူးလည်းဖြစ်ပါတယ်။

ရဲတွေက စီစီတီဗီတွေကို ကြည့်ပြီး ပြန်စစ်ဆေးတဲ့အခါ ချောင်ရဲ့ ဇနီးဖြစ်သူ အိမ်ကနေ ထွက်သွားတာကို လုံးဝ မတွေ့ခဲ့ရပါဘူး၊ ဒါပေမယ့် သစ်သားသေတ္တာကြီးတစ်လုံးကို “ချောင်” ကရွေ့သွားတာတော့ တွေ့ခဲ့ရတဲ့အတွက် “ချောင်” အပေါ်မှာ သံသတွေ တိုးလားပါတယ်။

အဲဒီနောက် ကြာသပတေးနေ့က “ချောင်”ရဲ့ ရုံးခန်းကို ဝင်ရောက်စစ်ဆေးရာမှာ ဇနီးဖြစ်သူရဲ့ အလောင်းကို သေတ္တာထဲမှာ တွေ့ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ သူတို့မှာ ငွေရေးကြေးရေး ပြဿနာမရှိသလို၊ အိမ်တွင်းအကြမ်းဖက်ခဲ့မှုတွေလည်း မရှိခဲ့ဖူးလို့ သိရပြီး သတ်ရတဲ့ အကြောင်းရင်းကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါတယ်။
 


29 Aug 2018     1,600 Views




RELATED

Most Popular of International News

Most Popular of NEWS