BEC-TERO TV

ပင်လယ်စာအစိမ်းစားသဖြင့် အမျိုးသားတစ်ဦး လက်တစ်ဖက်ဆုံးရှုံးခဲ့ရ

29 Aug 2018     2,149 Views


ပင်လယ်စာတွေကို လတ်လတ်ဆတ်ဆတ် အစိမ်းစားရတာ ပိုပြီးသဘောကျတဲ့ သူတွေအတွက်တော့ ဒီသတင်းက ထိတ်လန့်စရာ၊ သတိထားစရာပဲ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံလို အစစအရာရာ သန့်ပြန့်လတ်ဆတ်တဲ့ နိုင်ငံမှာ လတ်တလောဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
 
အသက် ၇၁ နှစ်အရွယ် ကိုရီးယားအမျိုးသားကြီး တစ်ဦးဟာ ပင်လယ်စာတွေကို အစိမ်းလိုက် စားသောက်ပြီး ၁၂ နာရီအကြာမှာ ဘက်တီးရီးယားပိုးဝင်ပြီး သူ့ရဲ့ ဘယ်ဘက်လက်တစ်ဖက်လုံး မခံမရပ်နိုင်လောက်အောင် နာကျင်လာကာ ဖူးရောင် ညိုပုတ်လာပြီး လက်ဖျံကနေ ဖြတ်ပစ်လိုက်ရတဲ့ အခြေနေထိ ဖြစ်ခဲ့ပါတယ်။

သူကို ဂျုံဂျူးဆေးရုံကို အရေးပေါ်တင်ပို့ခဲ့ရပါတယ်၊ ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ Vibrio Vulnificus လို့ ခေါ်တဲ့ ရောဂါပိုးဝင်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဘယ်ဖက်လက်မှာ မီးလောင်ဖုတွေလို သွေးရည်ကြည်တွေပြည့်နေတဲ့ ၃.၅ ကနေ ၄.၅ စင်တီမီတာလောက်ရှိတဲ့ အဖုကြီးတွေ လက်ဖျံတစ်လျှောက် ပေါက်လာပါတယ်။ အသက်အန္တရာယ်ပါရှိလာတဲ့အတွက် ဆရာဝန်တွေက အရေးပေါ်ခွဲစိတ်မှုတွေ ပြုလုပ်ပြီး အသက်ကယ်ခဲ့ရပါတယ်။
 
Vibrio Vulnificus ဘက်တီးယားဟာ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့လို့ နိုင်ငံမျိုးတွေမှာ နှစ်စဉ်ခြိမ်းခြောက်မှုရှိပြီး ဇွန်လနဲ့ စက်တင်ဘာလ အတွင်းမှာ အဖြစ်များတယ်လို့ ကိုရီယားဆေးပညာစာစောင်မှာ ဖော်ပြထားပါတယ်။

ပင်လယ်ရေထဲက မသန့်ရှင်းမှုတွေဟာ ပင်လယ်စာတွေမှာ ကပ်ညိနေပြီး ဒါတွေကို အစိမ်းစားရာကနေ လူရဲ့ခန္ဓာကိုယ်ထဲမှာ သွေးအဆိပ်တက်သလို ရောဂါမျိုး ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့်မို့ တတ်နိုင်သလာက် ပင်လယ်စာတွေကို အစိမ်းလိုက် စားသုံးခြင်းကနေ ရှောင်ကျဉ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
 


29 Aug 2018     2,149 Views




RELATED

Most Popular of Health Fix

Most Popular of NEWS