BEC-TERO TV

ရှေ့နေမလေးအား ဖခင်ရှေ့တွင် လည်လှီးသတ်သွားသူအား ဖမ်းဆီးရမိ

30 Aug 2018     1,912 Views


သြဂုတ်လ ၂၇ ရက်နေ့တွင် တပ်ကုန်းမြို့၌ ဖြစ်ပွားခဲ့သော ရှေ့နေမလေးအား ဖခင်ဖြစ်သူ၏ မျက်စိရှေ့တွင် ခင်ပွန်းဟောင်းဖြစ်သူမှ လည်ပင်းဓါးနဲ့လှီးကား သတ်ဖြတ်ခဲ့သော အမှုမှ တရားခံကို တပ်ကုန်းမြို့မစခန်းမှူးနဲ့အဖွဲ့မှ အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် တပ်ကုန်းမြို့နယ်၊ ကံလှအုပ်စု၊ ဝက်စုကျေးရွာနေ ရှေ့နေဖြစ်သူ မစုရည်ဖြိုး (၂၈ နှစ်) က ဖခင်ဖြစ်သူ ဦးအောင်မောင် (၆၃ နှစ်) (ရဲတပ်ကြပ်−ငြိမ်း) နဲ့အတူ YONDE အမျိုးစား အနက်ရောင် ဆိုင်ကယ်အမှတ် ၅၉ယ/၅၄၃၀၃ ကို စီးနင်းကာ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း တပ်ကုန်မြို့နယ် တရားရုံးသို့ သွားရောက်စဉ် မိုင်တိုင် ၂၇၃/၁ အရောက်တွင် လွန်ခဲ့သော တစ်နှစ်ခန့်က ပေါင်းသင်းခဲ့ဖူးပြီး စိတ်သဘောထားခြင်း မတိုက်ဆိုင်သဖြင့် လွန်ခဲ့သော တစ်လခန့်က ပျော်ဖွယ်တရားရုံးတွင် ကွာရှင်းထားသော ခင်ပွန်းဟောင်းဖြစ်သူ အောင်စိုး(ခ)မောင်စိုး အား ရုတ်တရက်တွေ့ရှိခဲ့သဖြင့် ရှောင်တိမ်းရန်ကြိုးစားစဉ် အောင်စိုး(ခ)မောင်စိုးမှ ဆိုင်ကယ်အနီးသို့ရောက်ရှိလာပြီး မစုရည်ဖြိုးအား ဆွဲဖက်လှဲချကာ လွယ်အိတ်ထဲမှ ဓါးမြှောင်အားဆွဲထုတ်ပြီး လည်ပင်းအားလှီးလိုက်သဖြင့် လည်ပင်းတွင်(၆)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိ သွေးများထွက်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူ တရားခံ အောင်စိုး(ခ)မောင်စိုး (၄၅)နှစ်၊(ဘ)ဦးကံပို၊ ၈/မသန(နိုင်)၀၁၆၂၈၇၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ ဆည်ထိပ်ကျေးရွာ၊ ရွေးစုကျေးရွာအုပ်စု၊ တပ်ကုန်းမြို့နယ်နေသူအား တပ်ကုန်းမြို့မရဲစခန်းမှ အချိန်တိုအတွင်းဖမ်းဆီးရမိခဲ့သည်။

မစုရည်ဖြိုး၏ ဖခင်ဖြစ်သူ ထွက်ဆိုချက်အရ တရားဝင်လင်မယား ကွာရှင်းခွင့်တောင်းခံ၍ ပျော်ဘွယ် မြို့နယ်တရားရုံး၌ ကွာရှင်းပြတ်ဆဲပေးခဲ့ရခြင်းအပေါ်  အောင်စိုး(ခ)မောင်စိုး က ကျေနပ်မှုမရှိပဲ လူတွေ့တိုင်း ပြဿနာရှာပြီး အငြိုးထားကာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း သိရှိရသည်။


30 Aug 2018     1,912 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS