BEC-TERO TV

ခေးလေးတစ်ယောက်လို လွတ်လွတ်လပ်လပ် ပျော်ပါးနေတဲ့ ချစ်သုဝေ

30 Aug 2018     1,673 Views


ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်သရုပ်ဆောင် ချစ်သုဝေကတော့ မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့ မီးမီးလေးတွေရဲ့မေမေလဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေလျက်ရှိတဲ့သူမက လက်ရှိမှာတရုတ်ပြည်နယ် ရှန်ဟိုင်းမြို့ကို အလုပ်ကိစ္စနဲ့ရောက်ရှိလို့နေပါတယ်။

အားလပ်ချိန်လေးကို ရှန်ဟိုင်းမြို့မှာလည်ပတ်နေတဲ့သူမကတော့ ခေးမေမေတစ်ယောက်လိုမထင်ရအောင် သူမကိုယ်တိုင်က ကလေးတစ်ယောက်သဖွယ် အပြစ်ကင်းစင်ပြီးချစ်စရာကောင်းကာ လွတ်လပ်ပျော်ရွှင်လို့နေပါတယ်။ တရုတ်မလေးတစ်ယောက်လို သွက်လက်လှပနေတဲ့ ချစ်သုဝေရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်...

 

 


30 Aug 2018     1,673 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment