BEC-TERO TV

ကိုရီးယားလေဆိပ်တွင် အမျိုးသမီးနှစ်ဦး သတ်ပုတ်ရန်ဖြစ်မှုကြောင့် တရုပ်သံရုံးကြေညာစာထုတ်ပြန်

30 Aug 2018     1,798 Views


တောင်ကိုရီးယားနိုင်ငံ လေဆိပ်ထဲရှိ အကောက်ခွန်မဲ့ဈေးဆိုင်ထဲတွင် တရုပ်အမျိုးသမီးနှစ်ဦး ရန်ဖြစ်သတ်ပုတ်ကြသည့် ဗီဒီယို အွန်လိုင်းပေါ် ပျံ့နှံ့သွားခဲ့ပြီးနောက် ကိုးရီးယားနိုင်ငံ တရုပ်သံရုံးက သတိပေးကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ရပါတယ်။

Lotte ဆိုင်ခွဲရှေ့တွင် အင်္ကျီအဖြူဝတ်နဲ့ အမည်းရောင်အင်္ကျီဝတ်ဆင်ထားသော တရုပ်နိုင်ငံသား အမျိုးသမီးနှစ်ဦးတို့ တစ်ယောက်ဆံပင် တစ်ယောက်ဆွဲကာ သတ်ပုတ်ရန်ဖြစ်နေကြတာကို အနီးနားရှိတစ်ယောက်က ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်တင်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုထဲတွင် အမျိုးသမီးနှစ်ဦး သတ်ပုတ်နေသည်ကို ဝင်ရောက်ဖျန်ဖြေခြင်းမရှိပဲ ရန်ဖြစ်နေသူထဲမှ အမျိုးသမီးတစ်ဦး၏ အဖော်ဖြစ်ဟန်တူသော အမျိုးသားက အခြားအမျိုးသမီးကို ဝင်ရောက်ကန်ကျောက်ခဲ့သဖြင့် ဘေးက ဝိုင်းဆွဲထားတာကို တွေ့ခဲ့ရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ကိုးရီးယားနိုင်ငံဆိုင်ရာ တရုပ်သံရုံးက တရုပ်နိုင်ငံသားများအနေနဲ့ သွားရောက်လည်ပတ်သည့် နိုင်ငံရဲ့ စည်းကမ်းဥပဒေများကို အလေးထားလိုက်နာကြရန်၊ တရုပ်နိုင်ငံမျက်နှာပျက်နိုင်သည့် အမူအကျင့်များ မလုပ်ဆောင်ကြရန် တိုက်တွန်းထားသည့် ကြောညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရပါတယ်။

အမျိုးသမီးနှစ်ဦးဟာ တစ်ခုတည်းသာ ကျန်တော့တဲ့ ပစ္စည်းတစ်ခုကို လုကြရင်းမှ စကားများရန်ဖြစ်ကြာပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှုများဖြစ်ခဲ့ကြကြောင်း တရုပ်သတင်းတွင် ဖော်ပြပါရှိသည်။
 


30 Aug 2018     1,798 Views




RELATED

Most Popular of Special or Others

Most Popular of NEWS