BEC-TERO TV

ထိုင်းရဲအရာရှိပိုင် အနှိပ်ခန်းတွင် မြန်မာမိန်းကလေးများ ဖမ်းဆီးခံရ

03 Sep 2018     1,425 Views


သြဂုတ်လ ၃၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ရှိ အနှိပ်ခန်းတစ်ခန်းကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဖွဲ့ DSI က ဝင်ရောက် စစ်ဆေးခဲ့ရာ လိင်လုပ်ငန်းလုပ်ကိုင်နေကြောင်း သံသယရှိသူ (၁၀) ဦးကို ဖမ်းဆီးခဲ့ရာ (၉)ဦးမှာ မြန်မာအမျိုးသမီးများဖြစ်ပြီး အသက်မပြည့်သေးသော မိန်းကလေးများပါဝင်နိုင်ခြေရှိကြောင်း သိရှိရသည်။

အဆိုပါ အနှိပ်ခန်းပိုင်ရှင်မှာ ထိုင်းရဲအရာရှိတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရသူ (၁၀)ဦးတွင် ၁ ဦးအပါအဝင်အဖြစ် ပိုင်ရှင်ရဲအရာရှိကိုပါ ဖမ်းဆီးရမိခဲ့သည်။ DSI အဖွဲ့က အနှိပ်ခန်းဟာ ပြည့်တန်ဆာလုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေနဲ့ပါ ပက်သက်နေကြောင်း သတင်းအရ သြဂုတ် ၃၁ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်က ရှောင်တစ်ခင်ဝင်ရောက် စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းခံရသူ မြန်မာအမျိုးသမီး (၉)ဦးတွင် တစ်ဦးက ဇိမ်ဂေါင်းမန်နေဂျာဖြစ်ပြီး အသက် ၁၈ နှစ်အောက် မိန်းကလေး ၃ ဦးလည်း ပါဝင်ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်း က ဦးမင်းဦး က ပြောပြပါတယ်။ အသက်မပြည့်သေးသူ အမျိုးသမီး ၃ ဦးကို အမျိုးသမီးနဲ့ ကလေးစောင့်ရှောက်ရေးဂေဟာတွင် စောင့်ရှောက်ထားကြောင်း သိရှိရသည်။

အဆိုပ အမျိုးသမီးများမှာ မြန်မာနိုင်ငံက နယ်စပ်ဖြတ်ကျော်လက်မှတ်များနဲ့ လာရောက်အလုပ်လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ယင်းကဲ့သို့အလုပ်မျိုးကို လုပ်ကိုင်ခွင့်ပြုထားခြင်းမရှိပါ။

အသက်မပြေည့်သေးသူများဟု ယူဆထားသော မိန်းကလေးများကို သွားနဲ့ အရိုးများကို စစ်ဆေးကာ အတည်ပြုချက်ရယူမှာဖြစ်ပြီး အသက် ၁၈ နှစ်အောက် ဖြစ်ခဲ့ပါက လူကုန်ကူးမှုဥပဒေနှင့်ပါ အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုခဲ့သည်။

REF:VOA



 


03 Sep 2018     1,425 Views




RELATED

Most Popular of International News

Most Popular of NEWS