BEC-TERO TV

အဆောင်သူအချင်းချင်းရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား

03 Sep 2018     2,030 Views


စက်တင်ဘာလ ၂ ရက်နေ့က မန္တလေးတိုင်းအတွင်းရှိ အမျိုးသမီးအပြင်ဘော်ဒါဆောင်တစ်ခုတွင် အခန်းတစ်ခုထဲတွင် အတူနေကြသော ကျောင်းသူမိန်းကလေး ၃ ဦး စကားများ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ကျောင်းသူတစ်ဦးပြတ်ရှဒဏ်ရာများနဲ့ ဆေးကုသခံယူနေရကြောင်း သိရှိရသည်။

လူမှုကွန်ယက် Khin Mi Mi Kyaw အကောင့်ပိုင်ရှင်က ဖြစ်စဉ်အစအဆုံးကို သူမ၏ အကောင့်မှ ဓါတိပုံများနဲ့တစ်ကွ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။

“ ပြောပြချင်​လို့ပါ အ​ပေါင်းသင်းလုပ်​မိကျမှာ စိုးလို့ပါရှင်​ အ​ဆောင်​ဝင်​ခါစက အ​ဆောင်​မှူးက​ပြောပါတယ်​ အရင်​ကလည်း ညီအမနှစ်​​ယောက်​​နေတာ သူနဲ့ရန်ဖြစ်​လို့ ဟိုညီအမနှစ်​​ယောက်​ကို အခန်းပြောင်းခိုင်းပီး သမီးတို့ညီအမက ​ကျောင်းသူဆို​တော့ အဆင်​​ပြေမယ်​ထင်​လို့​ကျောင်းသူအချင်းချင်း ​​​နေလိုက်​ပါဆိုလို့ ဝင်​​နေလိုက်​ကျတယ်​ ခင်​စတုံးက ကျွန်​မအမကို ဟိုဟာဝယ်​ခိုင်း သည်​ဟာဝယ်​ခိုင်းနဲ့ ခိုင်းပါတယ်​ ​ကျောင်းမှာစာသွားသင်​တာကိုလည်း သူအပြင်​မထွက်​ချင်​​တော့လို့ ​ပြန်​လာရင်​မုန့်တွေဝယ်​ခိုင်းတဲ့အထိလွန်​လာလို့ ကျွန်​မက မလုပ်​​ပေးနဲ့ဆိုပီး ​ပြောလိုက်​​သေးတယ်​ သူ​ဆေးခန်းဝင်​​​တော့လည်း ​ခေါင်းအုံး​တွေယူ​​ပေး ​​​မေး​ပေး အာ့​လောက်​ထိလုပ်​​ပေးပါတယ်​ ဒါကိုသူက ယုတ်​မာတာပါ။

ကျွန်​မအမနဲ့ ပြသနာတက်​တာပါ ကျန်​မအမက စာ​အော်​ကျက်​တတ်​တဲ့အကျင့်​လေးရှိပါတယ်​ရှင်​ ကျွန်​မအမစာကျက်​တာကို သူကနားငြီးလို့ပါဆိုပီး​ပြောပါတယ်​ သူ့ထက်​အကြီးကိုလည်း ဆဲဆိုပြီးမတ်​မတ်​ရိုင်းရိုင်းပြောတယ်​ ကျွန်​မကကြားက ပြသနာမဖြစ်​ချင်​လို့ ဝင်​ဖြန်​တယ်​ ၁ ရက်​​နေ့ညက သူတို့နှစ်​​ယောက်​ ရန်​ဖြစ်​ကျတယ်​ ကျွန်​မကဝင်​ဖြန်​လို့ ကျွန်​မပါ နာလိုက်​ရ​သေးတယ်​ ရန်​ဖြစ်​ရတဲ့အ​ကြောင်းက ကျန်​မအမက စာ​မေးပွဲဒီလ ၂၀ ရက်​​နေ့​ ဖြေမှာမို့ သူစာမရ​သေးလို့ ၁ ရက်​​နေ့ ​နေ့လည်​ စာကျက်​​တော့ နားငြီးလို့ပါဆိုပီး ဖုန်းနှစ်​လုံး volume အဆုံးထိတစ်​ပြိုင်​ထဲဖွင့်ထားပီး ယုတ်​မာပါတယ်​ ကျွန်​မအမက စာကျက်​မရလို့ စိတ်​တို​ပီး ကျူရှင်​သွားလိုက်​တယ်​ ပြန်​လာ​တော့ ဟို​ကောင်​မက မတ်​မတ်​ရိုင်းရိုင်း post တင်​တာကို​တွေ့လိုက်​​တော့ ​ဒေါသဖြစ်​​ပေမယ့် ဘာမှပြန်​မ​ပြောပါဘူး ကျွန်​မက ကျွန်​မအမကို ​ဖြောင်းဖြပီး ပြန်​အဆင်​​ပြေသွားပါတယ်​ ကျွန်​မတို့ညီအမနှစ်​​ယောက်​ ထမင်းစားပီးပြန်​လာ​တော့ ကျွန်​မအမက သူနားငြီးပါမယ်​ဆိုပီး အ​ပေါ်ဆုံး လသာ​ဆောင်​မှာ စာသွားကျက်​​ပေးပါတယ်​ ၁၁ ခွဲ​လောက်​ပြန်​ဆင်းလာ​တော့ ဟို​ကောင်​မက မတ်​မတ်​ရိုင်းရိုင်း post ပြန်​တင်​ပြန်​တယ်​ ကျွန်​မအမက မ​ကျေနပ်​​တော့ ရန်​ထဖြစ်ပါတယ်​ ၁၂ ခွဲ​လောက်​အချိန်​မှာပါ ​နောက်​​နေ့ ၂ ရက်​​ နေ့မနက်​မှာ ကျန်​မအမက ၇ ခွဲ​လောက်​စာထကျက်​ပါတယ်​ သူအရမ်းမတ်​မတ်​ရိုင်းရိုင်းနဲ့ ကျွန်​မအမကို ​ဆဲ​ဆို ​ပြောပါတယ်​ ကျန်​မက မင်းထက်​အကြီး မမတ်​ရိုင်းနဲ့လို့​ပြော​ပါ​သေးတယ်​ သူကျွန်​အမကိုဆဲဆိုမတ်​ရိုင်း​နေ​တော့ ကျန်​မအမက မခံနိုင်​​တော့လို့ ထလုံးပါတယ်​ ​နှစ်​​ယောက်​လုံးကိုဝင်​ဖြန်​ဖို့ ထချိန်​ဘဲရှိ​သေးပါတယ်​ ကျွန်​မအမကို ခဲတံချွန်​ဓား နဲ့ ၅ချက်​ခြစ်​ချလိုက်​တာ ဒီ​လောက်​ဆိုး​ဆိုးဝါးဝါးအ​ခြေ​အေ​နေပါဘဲ ခုမှoperation ခန်းကထွက်​ရတာပါ
Kyi Sin Win Thant လို့​ခေါ်ပါတယ်​ ခန္တီးကပါသူ့ Acc officialက nann si ပါ acc d ထားပါတယ်
ရတနာပုံ zoo ​ မေဂျာ second year ကပါ ခပ်​​ဝေး​ဝေးသာ​ရှောင်​ကျပါ တအားလည်းမတ်​ရိုင်းပါတယ်​ “


ဟု ရေးသား  ဖော်ပြခဲ့ပြီး ဝေဖန်သူ မျှဝေသူများပြားနေသော သတင်းအကြောင်းအရာတစ်ခုဖြစ်သည်။



သတင်း/ဓါတ်ပုံ : Khin Mi Mi Kyaw


03 Sep 2018     2,030 Views




RELATED

Most Popular of Special or Others

Most Popular of NEWS