BEC-TERO TV

အိမ်သာတက်ရင်း အသက်ဆုံးနိုင်တဲ့ ခြိမ်းခြောက်မှုအန္တရာယ်

03 Sep 2018     2,179 Views


အိမ်သာကြွေအိုးရေဆင်းပိုက်လိုင်းထဲမှတစ်ဆင့် တက်လာတဲ့ စပါးကြီးမြွေကြီးကြောင့် အမျိုးသမီးကြီးတစ်ဦး ထိတ်လန့်ခဲ့ရတဲ့ အဖြစ်ပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

သန့်စင်ခန်းသုံးရန် ဝင်လာတဲ့အမျိုးသမီးကြီးဟာ အိမ်သာကြွေခွက်ထဲက မြင်ကွင်းကြောင့် အသက်ရှုရပ်မတတ် ထိတ်လန့်ခဲ့ပါတယ်။ စပါးကြီးမြွေကြီးရဲ့ ဦးခေါင်းဟာ ထိုင်ခုံအဖုံးအောက်မှာ ညပ်နေပြီး သူ့ရဲ့ ခန္ဓာကိုယ်နဲ့ အမြီးကတော့ တွင်းထဲကနေ ဆက်တက်နေခဲ့တာပါ။

ချက်ခြင်းဆိုသလို အမျိုးသမီးကြီးက တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ကို အရေးပေါ် ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ရောက်လာချိန်မှာတော့ မြွေကြီးဟာ အိမ်သာအိုးရဲ့နောက်ဖက်က ပိုက်လိုင်းပေါ်မှာ ပုန်းအောင် ခွေနေတာကို တွေ့ခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။

မြွေတွေဟာ ခြောက်သွေ့တဲ့ ရာသီတွေမှာ စိုစွတ်တဲ့နေရာတွေကို လိုက်ရှာရင်း ရေဆိုးပိုက်လိုင်း တွေကနေ ထွက်လာတတ်တာမို့ အိမ်သာတက်တဲ့အခါ သတိထားပြီး သေချာစစ်ဆေးပြီးမှ အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။ အိမ်သာ အသုံးပြုနေချိန်မှာလည်း မကြာမကြာ သတိထားကြည့်ဖို့ လိုအပ်ပါတယ်။
 


03 Sep 2018     2,179 Views




RELATED

Most Popular of Special or Others

Most Popular of NEWS