BEC-TERO TV

ပရိသတ်တွေကို ချာချာလည်မူသွားအောင်လုပ်လိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

03 Sep 2018     4,810 Views


သရုပ်ဆောင်မင်းသမီးလေး သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကထဲမှာ အောင်မြင်မှုတွေများစွာကိုရရှိပိုင်ဆိုင်ထားသူလေးတစ်ယောက်ဖြစ်ပြီး ဆွဲဆောင်မှုပြင်းတဲ့ ရှုမောဖွယ်အလှတို့ကို ပိုင်ဆိုင်ထားသူလေးလဲဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိပြီး လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်တွေကိုဝတ်ဆင်လေ့ရှိတဲ့သင်ဇာက မိန်းကလေးတိုင်းအားကျရတဲ့ အချိုးအစားကျ ကျစ်လစ်တောင့်တင်းလှပတဲ့ အမိုက်စားဘော်ဒီကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ မကြာခဏဆိုသလို သူမရဲ့ဆွဲဆောင်မှုရှိတဲ့အလှတရားတို့ကို ထုတ်ဖော်ပြသလေ့ရှိကာ အမိုက်စားဘော်ဒီကိုလည်း Gym ဆော့ပြီး ထိန်းသိမ်းနေသူတစ်ဦးဖြစ်ပါတယ်။

အမိုက်စားပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဟာကနဲ ဟင်ကနဲဖြစ်အောင်လုပ်တတ်တဲ့ သင်ဇာဝင့်ကျော်က ဒီတစ်ခါမှာတော့ ချာချာလည်မူးသွားအောင်လုပ်လိုက်တာပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်တစ်ယောက် ပရိသတ်တွေကို ချာချာလည်မူးသွားအောင်လုပ်လိုက်တဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်....

 

 


03 Sep 2018     4,810 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment