၂ တစ်လက္မတုတ်ဖြင့် အိမ်ထဲသို့ဝင်လာပြီး လူနှင့်ကားအား ရိုက်နှက်မှုဖြစ်ပွား
04 Sep 2018 1,806 Views

စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီအချိန်က ဘာအံ့မြို့ရှိနေအိမ်တစ်ခုထဲသို့ ၂ တစ်လက္မ သစ်သားတုတ်ရှည်ကိုင်ဆောင်ထားသော လူတစ်ဦး အိမ်ထဲသို့ ဝင်ရောက်လာကာ အမျိုးသားကြီးတစ်ဦးကို ရိုက်နှက်ခဲ့ပြီးနောက် အိမ်ထဲတွင်ရပ်ထာသော Honda Civic အမျိုးအစားကားအား အကြောင်းမဲ့ ရိုက်နှက်မှုတစ်ခုဖြစ်ပွားခဲ့သည်။





ရိုက်နှက်ခံရမှုကြောင့် အမျိုးသားကြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ကား၏ ရှေ့နောက်လေကာမှန်များ ကွဲအက်၊ ရှေ့စက်ဖုံး ပိန်ချိုင့်၊ အနောက်ဆီတိုင်ကီဖုံးနား ပိန်ချိုင့်မှုများ ဖြစ်ပေါ်ခဲ့သည်။
ရိုက်နှက်သူအား ရပ်ကွက်မှလူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။ ရိုက်နှက်သူမှာ ရဲလူထွက်ဟု ပြောဆိုခဲ့ကြောင်း ကျူးလွန်ခံရသူ Gee Gi (လူမှုကွန်ယက်အမည်) က အွန်လိုင်းပေါ်တွင် ပြောကြားခဲ့သည်။







