BEC-TERO TV

သက်တမ်း နှစ်၂၀၀ ရှိပြီဖြစ်သော ဘရာဇီးအမျိုးသားပြတိုက် မီးလောင်

04 Sep 2018     1,527 Views


ဘရာဇီးနိုင်ငံ ရီယိုဒီဂျန်နရိုးရှိ သက်တမ်း နှစ်ပေါင်း ၂၀၀ ရှိပြီဖြစ်သော အမျိုးသားပြတိုက်ကြီး စက်တင်ဘာလ ၃ ရက်နေ့ညက အကြီးအကျယ်မီးလောင်ကျွမ်းခဲ့သဖြင့် အဖိုးမဖြတ်နိုင်သော စုဆောင်းထားသည့်သမိုင်းဝင် အထောက်အထားများ အပါအဝင် အမျိုးအစားပေါင်း သန်း ၂၀ ကျော် မီးထဲပါသွားကာ ဆုံးရှုံးခဲ့ရသည်။

အဆိုပါပြတိုက်မီးလောင်ကျွမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ဆုံးရှုံးမှုကြီးတစ်ခုလည်းဖြစ်သည်။ ပြတိုက်အဆောက်အဦဟာ ယခင်က နန်းတော်ဟောင်းနေရာဖြစ်ခဲ့ပြီး ယိုယွင်းပျက်ဆီးနေသော အဆောက်အဦတစ်လုံးလည်းဖြစ်ကာ ဘရာဇီးနိုင်ငံအတွက် အကြီးအကျယ် ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း၊ နှစ်ပေါင်း ၂၀၀ အလုပ်လုပ်ထားသမျှ စုဆောင်းထားသမျှ၊ ဗဟုသုတ၊ သုတေသနများအားလုံး ဆုံးရှုံးသွားပြီးဖြစ်ကြောင်း ဘရာဇီးသမ္မတ မစ်ချယ်လ်တမ်မာ က မီးလောင်မှုအတွက် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

ပြတိုက်ပိတ်ချိန် ညနေ ၅ နာရီနောက်ပိုင်းမှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ညဉ့်နက်တဲ့ထိ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ပြတိုက်အဆောက်အဦဟာ ရီယိုဒီဂျန်နရိုး ဖက်ဒရယ်တက္ကသိုလ်၊ ပညာရေးဝန်ကြီးဌါနတို့နဲ့ အဆောက်အဦ တစ်ဆက်တည်းဖြစ်ပါတယ်။ ရှေးဟာင်းအိဂျစ်တို့ရဲ့ အသုံးအဆောင်ပစ္စည်းများ၊ ဘရာဇီးနိုင်ငံတွင် တူးဖော်ရရှိခဲ့တဲ့ ရှေးအကျဆုံးလူသားတို့ရဲ့ အရိုးစုများအားလုံး မီးထဲပါသွားခဲ့ပါတယ်။ ပြတိုက်ဟာ အစိုးရအဆက်ဆက်ရဲ့ လျစ်လျူရှုခြင်းခံထားရတဲ့ အဆောက်အဦကြီးလည်းဖြစ်ပါတယ်။
 


04 Sep 2018     1,527 Views




RELATED

Most Popular of International News

Most Popular of NEWS