BEC-TERO TV

ထီဖွင့်ခါနီး ကပ်ဝယ်တဲ့ ထီလက်မှတ်မှ သိန်းပေါင်း ၄ သိန်း ၂ သောင်းကျော် ကံထူးခဲ့သူ

04 Sep 2018     1,263 Views


ထီဖွင့်ရက်ဖြစ်တဲ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှ ကပ်ပြီး ဝယ်ယူခဲ့တဲ့ ထီလက်မှတ်မှ အထူးဆုကြီး ဆွတ်ခူးကာ ထိုင်းဘတ်ငွေ သန်း ၉၀ (ကျပ် ၄၂,၄၃၅,၁၅၃,၀၈၄) ကို အမျိုးသားတစ်ဦးက ကံထူးစွာဖြင့် ဆွတ်ခူးခဲ့ပါတယ်။

ဆမတ်ဆခွန်ပြည်နယ်မှ “ပီတီ” ဆိုသူ အမျိုးသားတစ်ဦးဟာ သူဓါတ်ဆီဖြည့်နေကျ ဆမတ်ဆခွန်မောင် စီရင်စု အက်ကာချိုင်လမ်းမပေါ်က PTT ဓာတ်ဆီဆိုင်မှာ ဆီဖြည့်ရင်း ဂဏန်းတူ ထီလက်မှတ် ၁၅ စောင်ကို ထီဖွင့်မယ့် မနက်မှာပဲ ဝယ်ယူကံစမ်းခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဓါတ်ဆီဆိုင်မှာ သူဟာ ထီထိုးနေကျလည်းဖြစ်ပါတယ်။

ထီဆိုင်ကို ရောက်တဲ့အချိန်မှာ ထီလက်မှတ် ၁၅ စောင်စီပါတဲ့ ထီနှစ်ထုတ်ပဲ ကျန်ပါတော့တယ်။ “ပီတီ” ဟာ အဲဒီ ထီနှစ်ထုတ်ကို ဓါတ်ပုံရိုက်လိုက်ပြီး LINE App ကနေတစ်ဆင့် သူဘယ်ထီကို ယူရမလဲလို့ LINE ထဲက သူငယ်ချင်းတွေကို ရွေးခိုင်းခဲ့ပါတယ်။
အဲဒီနောက် တစ်ယောက်က ရွေးပေးလိုက်တဲ့ ထီအုပ်ကို ထိုးပြီး မကြာခင်မှာပဲ ဂျက်ပေါ့အထူးဆုကြီး ပေါက်သွားခဲ့တာဖြစ်ပါတယ်။ သူ့အတွက် ပေါက်မဲ ထီလက်မှတ်ရွေးပေးခဲ့တဲ့ LINE ပေါ်က လူကိုတော့ ဘတ် ၁၈၀၀ (ကျပ် ၈ သောင်းခွဲနီးပါး) လွှဲပေးခဲ့ကြောင်း ပီတီ က ပြောဆိုခဲ့ပါတယ်။

ထိုင်းမှာ ရှိကြတဲ့ မြန်မာတွေလည်း ဆမတ်ဆခွန် အက်ကာချိုင်လမ်းပေါ်က PTT ဓါတ်ဆီဆိုင်မှာ ကံစမ်းကြဖို့ မမေ့နဲ့ဦးနော်..။


 


04 Sep 2018     1,263 Views




RELATED

Most Popular of Special or Others

Most Popular of NEWS