BEC-TERO TV

အိန္ဒိယတွင် ကားများသွားနေစဉ်တံတားပြိုကျ (ရုပ်သံ)

05 Sep 2018     1,374 Views


စက်တင်ဘာလ ၄ ရက်နေ့က အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကိုလ်ကာတာ တွင် ကားများသွားလာနေစဉ်  ရုတ်တရက် တံတားပြိုကျမှုကြောင့် လူတစ်ဦးထက်မနည်း သေးဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။

တံတား၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် မီတာ ၃၀ ခန့်ရှည်လျားသော ကွန်ကရစ်လမ်းပိုင်းပြိုကျခဲံခြင်းဖြစ်ပြီး အုတ်ကျိုးအုတ်ပျက်များနှင့်အတူ အိမ်စီးကား ဘတ်စ်ကားများပါ တံတားအောက် ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

အပျက်အဆီးတွေအောက်မှာ လူတွေပိနေလားဆိုတာ ကျွန်တော်တို့ ကြိုးစားရှာဖွေနေဆဲပါ” ဟု ကိုလ်ကာတာ ၏ မြို့တော်ဝန် ဆိုဗန်ချက်တာဂျီး က မီဒီယာများကို ပြောဆိုခဲ့သည်။ အဆိုပါတံတား၏ သက်တမ်းမှာ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပြီး တံတားပြိုကျရသည့်အကြောင်းကို စုံမ်းလျှက်ရှိပြီး လူသေဆုံးမှုနဲ့ပက်သက်ပြီး အတိအကျမပြောနိုင်သေးကြောင်း သိရှိရသည်။


 


05 Sep 2018     1,374 Views




RELATED

Most Popular of International News

Most Popular of NEWS