BEC-TERO TV

တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်နိုင်ငံ အိုဆာကာလေဆိပ် ရေလွှမ်းမိုး

05 Sep 2018     1,336 Views


ဂျပန်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်နေပြီး ၂၅ နှစ်အတွင်း အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံတွေ့နေရသည်။ မုန်တိုင်းဒဏ်ကြောင့် ဂျပန်နိုင်ငံတွင် အတက်အဆင်းအများဆုံး လေဆိပ်တစ်ခုဖြစ်သည့် အိုဆာကာလေဆိပ်အတွင်း ရေများ ဝင်ရောက်ခဲ့သလို ဆီတင်သင်္ဘောတစ်စီးလည်း တံတားကို ဝင်တိုက်မှုဖြစ်ခဲ့သည်။

လေဆိပ်အတွင်း ရေများပြည့်လျှံဝင်ရောက်ခဲ့မှုကြောင့် စက်တင်ဘာ ၄ ရက်နေ့က လေဆိပ်ကို လုံးဝပိတ်ထားခဲ့ရပြီး အိုဆာကာသို့ပျံသန်းမည့် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် ၇၀၀ ကျော်လည်း ဖျက်သိမ်းခဲ့ရသည်။ လေဆိပ်တွင်ရပ်နားထားသော လေယာဉ်များ၏ အင်ဂျင်များ ရေလွှမ်းခံခဲ့ရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌါနမှ သတင်းထုတ်ပြန်ခဲ့သည်။

လေဆိပ်မြေညီထပ်တစ်ခုလုံး ရေမြုတ်ခဲ့ပြီး လေယာဉ်ပေါ်သို့ ခရီးသည်များတက်ရောက်သည့် တံတားများလည်း မုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးခဲ့ရသည်။ ဆီတန်ချိန် ၂,၅၉၁ ဆံ့ ဆီတင်သင်္ဘောကြီးတစ်စင်း မုန်တိုင်းနဲ့ မျောပါကာ ရေပြင်ကိုဖြတ်၍ ဆက်သွယ်ထားသော ကားသွားလမ်းတံတားကိုလည်း ဝင်ဆောင့်မှုကြောင့် ပျက်ဆီးခဲ့ရသည်။
ဆီသင်္ဘောမှာ ဆီများတင်ဆောင်ထားခြင်းမရှိသည့်အတွက် ဆီယိုဖိတ်မှုအန္တရာယ်ကင်းခဲ့ပြီး သင်္ဘောသားများလည်း ဒဏ်ရာရရှိခြင်းမရှိကြောင်း ကမ်းခြေစောင့်အဖွဲ့မှ သတင်းရရှိသည်။

ယူနီဗာဆယ်လ် ဘက်စုံအားကစားကွင်းလည်း ပိတ်ထားခဲ့ရကာ အိုဆာကာအနီး အိမ်ခြေ ၁.၄၅ သန်းခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခဲ့သည်။ အိုဆာကာဆိပ်ကမ်းရှိ ကွန်တိန်နာစခန်းမှာလည်း မုန်တိုင်းဒဏ်ကြောင့် ကွန်တိန်နာပုံများ ပြိုကျလွှင့်စင်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့သည်။
ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုကတော့ မုန်တိုင်းဒဏ် လွတ်ခဲ့ပေမယ့် အရှိနကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နေခဲ့သည်။

 


05 Sep 2018     1,336 Views




RELATED

Most Popular of International News

Most Popular of NEWS