BEC-TERO TV

လသားမိန်းကလေးကို လိင်ကျူးလွန်သူ ၆၈ နှစ်အမျိုးသားအား ထောင်ဒဏ်ကြိမ်ဒဏ်များချမှတ်

05 Sep 2018     1,384 Views


အသက် ၁၁ လသာ ရှိသေးသည့် ကလေးငယ် မိန်းမလေးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှုကြောင့် အသက် ၆၈ နှစ်အရွယ် အမျိုးသားကြီးအား ထောင်ဒဏ် ၁၂ နှစ်နှင့် ကြိမ်ဒဏ် ၂ ချက် ကျခံစေရန် မလေးရှားတရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။

ကုန်တင်ကားဒရိုင်ဘာအဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသော “ဟာရှင်ကာရင်” (၆၈ နှစ်) ဆိုသူ အမျိုးသားကြီးက သူ၏ မြေးမလေးဖြစ်သူ ၁၁ လအရွယ် ကလေးငယ်လေး၏ မိန်းမအင်္ဂါထဲသို့ လက်ချောင်းထိုးသွင်းခဲ့မှုဖြင့် အမှုရင်ဆိုင်ခဲ့ရပြီး အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ “ဟာရှင်” မှာ လက်ရှိတွင် အလုပ်အကိုင်မရှိသူဖြစ်ပြီး သားဖြစ်သူ၏ မိသားစုနှင့် အတူနေထိုင်လျှက်ရှိသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့က ၁၁ လသမီးလေးကို မိဘများက ထုံးစံအတိုင်း ကလေးထိန်း အိမ်သို့ သွားပို့ပေးခဲ့သည်။ ညနေ ၄ နာရီခန့်တွင် ကလေးထိန်းအမျိုးသမီးက ကားအာမခံသက်တမ်းတိုးရန် အရေးကြီးကိစ္စပေါ်လာသဖြင့် ကလေးကို အိမ်သို့ ပြန်ခေါ်လာကာ အဖိုးဖြစ်သူကို အပ်ထားခဲ့သည်။

မကြာမီ ကလေးထိန်းအမျိုးသမီး ပြန်ရောက်လာချိန်တွင် ကလေးက မနားတမ်းအော်ငိုနေပြီး သေးခံဘောင်ဘီလေးမှာလည်း သွေးစများ တွေ့ခဲ့ရသည်။ ကလေးထိန်းက ကလေးကို ရေချိုးပေးရာ ကလေး၏ မိန်းမကိုယ်မှာလည်း သွေးများထွက်နေသဖြင့် မိဘများကို အကြောင်းကြားပြီး ဆေးရုံသို့ အမြန်ပို့ခဲ့ကြသည်။
ဆရာဝန်များက စစ်ဆေးကြည့်ပြီးနောက် ကလေး၏ မိန်းမကိုယ်ထဲသို့ မာကျောသောအရာတစ်ခုခုနဲ့ ထိုးသွင်းခံထားရကြောင်း ပြောဆိုခဲ့သည်။

ရဲများ၏ စစ်ဆေးချက်အရ ကလေးထိန်းက အဖိုးဖြစ်သူထံ ကလေးကို ခတ္တအပ်ကာ အပြင်ထွက်သွားပြီး မကြာမီမှာ “ဟာရှင်” က ၁၁ လသမီးလေး၏ မိန်းမအင်္ဂါထဲသို့ သူ့ရဲ့ လက်ခလယ်နဲ့ ထိုးသွင်းခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
ကျူးလွန်ခဲ့သူ “ဟာရှင်” အား လိင်ကျူးလွန်မှုဆိုင်ရာပုဒ်မ 377CA အရ ထောင်ဒဏ် ၁၂ နှစ်နှင့် ကြိမ်ဒဏ် ၂ ချက် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
 


05 Sep 2018     1,384 Views




RELATED

Most Popular of International News

Most Popular of NEWS