BEC-TERO TV

တရုပ်တွင် ဝက်တုပ်ကွေးရောဂါ အသစ်တစ်မျိုး ပျံ့နှံ့ဖြစ်ပွားလျှက်ရှိ

05 Sep 2018     1,317 Views


ပြီးခဲ့သည့် တနင်္လာနေ့မှစတင်ပြီး တရုပ်နိုင်ငံတွင် အာဖရိက ဝက်တုပ်ကွေးရောဂါအသစ်တစ်ခု ပျံ့နှံ့ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဝက်တုတ်ကွေး ပျံ့နှံ့ခဲ့တာ နှစ်ရက်ခန့်ကြာမြင့်ပြီဖြစ်ကာ ကမ္ဘာ့ထိပ်တန်း ဝက်သားထုတ်လုပ်သူများလည်း ထိခိုက်နစ်နာမှုများ ရှိနေသည်။

ပထမအကြိမ်အဖြစ် လွန်ခဲ့တဲ့ တစ်လခန့်က ဗိုင်းရပ်စ်ပိုးပျံ့နှံ့ခဲ့ကြောင်း သတင်းရရှိခဲ့ပြီး တရုပ်နိုင်ငံ အရှေ့ပိုင်း ဂျန်ဆုပြည်နယ် “ဝူဇီ”မှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ရောဂါပိုးပျံ့နှံ့ရာ နောက်ထပ်တစ်နေရာအဖြစ် လိန်ယောင်ဂန် မြို့တောင်ဘက်ပိုင်းက မွေးမြူရေးခြံတစ်ခုမှာ သက်ဆိုင်ရာက စစ်ဆေးတွေ့ခဲ့ပြန်ပါတယ်။

လက်ရှိမှာ ဝက်တုပ်ကွေးရောဂါအသစ်ကြောင့် ဝက်ကောင်ရေ ၉၇ ကောင်ရှိတဲ့ မွေးမြူရေးခြံမှာ ဝက် ၉ ကောင်သေဆုံးပြီး ၁၂ ကောင် ကူးစက်ခံနေရကြောင်း ဝန်ကြီးဌါနက ထုတ်ပြန်ပြောဆိုခဲ့သည်။ အဆိုပါဝက်တုပ်ကွေးဟာ အခြားသော ဝက်သားထုတ်လုပ်နေတဲ့ မွေူမြူရေးခြံတွေကိုပါ ဘယ်လောက်ထိလျင်လျင်မြန်မြန် ပျံ့နှံ့သွားမလဲဆိုတာ သေချာမပြောနိုင်သေးပါဘူး။

ဝက်တုတ်ကွေးရောဂါ တွေ့ရှိရတဲ့ပြည်နယ်တွေမှာ ဝက်အရှင်ရောင်းချတဲ့ ဈေးကွက်တွေကို ပိတ်ဖို့ အစိုးရက ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အခြားနေရာဒေသတွေကို တင်ပို့သယ်ယူမှုတွေလည်း ရပ်ဆိုင်းထာပါတယ်။

အဆိုပါဗိုင်းရပ်စ်ဟာ မွှားကောင်လေးတွေကနေတစ်ဆင့် ကူးစက်ပြီး အထူးသဖြင့်တိရိစ္ဆာန် တစ်ကောင်ကနေ တစ်ကောင်ကို ကူးစက်လွယ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးပါတဲ့ တိရိစ္ဆာန်အစာတွေ၊ တစ်နေရာကနေ တစ်နေရာကိုသွားလာနေကြတဲ့ လူတွေကနေတစ်ဆင့်လည်း ပျံ့ပွားနိုင်ပါတယ်။ ဒီဝက်တုပ်ကွေးရောဂါအတွက် ကုသဖို့ ဆေးမရှိသေးပေမယ့် ဒီဗိုင်းရပ်စ်ဟာ လူတွေကို မထိခိုက်စေနိုင်တာက ကံကောင်းတဲ့အချက် တစ်ချက်ဖြစ်ပါတယ်။


05 Sep 2018     1,317 Views




RELATED

Most Popular of International News

Most Popular of NEWS