BEC-TERO TV

အမျိုးသမီး ၄ ဦး AIDS နဲ့ ဆက်တိုက်သေဆုံးပြီးနောက် တက်တူးဆိုင်များကို နှိမ်နင်း

05 Sep 2018     1,529 Views


ထိုင်းနိုင်ငံတွင် AIDS နဲ့ ဆက်နွယ်တဲ့ ဖျားနာမှုများကြောင့် အမျိုးသမီး ၄ ဦး ဆက်တိုက် သေဆုံးသွားခဲ့သဖြင့် ဘန်ကောက်မြို့ရှိ တက်တူးထိုးဆိုင်များကို အာဏာပိုင်များက စီမံချက်ဖြင့် နှိမ်နင်းခဲ့သည်။

ဘန်ကောက်မြို့ နန်းတော်ရာအနီးရှိ ကလောင်လော့ ဈေးတွင် ပြီးခဲ့သည့် မတ်လအတွင်းက တက်တူးအတူတူ ထိုးခဲ့ကြသော သူငယ်ချင်းအမျိုးသမီး ၄ ဦးစလုံး AIDS နဲ့ဆက်စပ်တဲ့ အဖျားရောဂါကြောင့် ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ရသဖြင့် အဆိုပါ ဈေးဆိုင်တန်းများရှိ တက်တူးထိုးဆိုင်များအား စီးနင်းစစ်ဆေးရန် ဘန်ကောက်မြို့တော်ဝန် ပိုဂျန်နရယ် အက်စ်ဝင်ကွမ်မောင်း က သက်ဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

မြို့တော်ဝန်က ဖရာနခွန် စီရင်စုအနီး ရောင်းချနေသော သုံးဘီးဆိုင်ကယ်ဈေးသည်များကို စစ်ဆေးကြည့်ရာမှာ သတ်မှတ်ထားတဲ့ စံနှုန်းများ မပြည့်မီပဲ သန့်ရှင်းမှုအားနည်းကြောင်း ကျန်းမာရေးဝန်ကြီးဌါမှတစ်ဆင့် တနင်္လာနေ့က ထုတ်ပြန်ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး၏ ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် အမျိုးသားကြီးက သူ့သမီး၏ သေစာရင်းစာရွက်ကို ကိုင်လျှက် သူ့သမီးဟာ လမ်းဘေးမှာ တတ်တူးထိုးရာကနေ HIV ကူးစက်ခံနေရပြီလို့ သံသယရှိခဲ့ကြောင်း၊ အမှန်တစ်ကယ်လည်း HIV နဲ့ သေဆုံးခဲ့ကြောင်း သတင်းထောက်များကို ဝမ်းနည်းစွာ ပြောပြခဲ့ပါတယ်။

တတ်တူးဆိုင်ပိုင်ရှင်ဖြစ်သူ “ဆွမ်ချိုင်အရီယာ” ကတော့ သူဟာ သန့်ရှင်းတဲ့ အပ်အသစ်တွေကိုသာ သုံးပြီး တက်တူးထိုးပေးခဲ့တာဖြစ်ကြောင်း ပြောဆိုပါတယ်။ သေဆုံးခဲ့သူ အမျိုးသမီး ၄ ဦးကို သူကိုယ်တိုင် တက်တူးထိုးပေးခဲ့ကြောင်း ဝန်ခံပါတယ်။ သူဟာ တက်တူးထိုးစားနေတာ ၁၀ နှစ်ဝန်းကျင်ရှိပြီး ယခင်က ဒီလိုပြဿနာမျိုး တစ်ကြိမ်မှ မဖြစ်ဖူးကြောင်း ပြောဆိုခဲ့ပါတယ်။

အေအိုင်ဒီအက်စ်၊ တီဘီနဲ့ ကူးဆက်ရောဂါ ထိန်းသိမ်းရေဌါနမှ ဦးဆောင်အရာရှိ ဒေါက်တာ အလီဆာရာ တက်တခရွန် ကတော့ အဆိုပါ တက်တူးဆိုင်ဟာ ကျန်းမာရေးစံချိန်နဲ့ လုံးဝမပြည့်မီပဲ သွေးကနေတစ်ဆင့် ရောဂါပိုးဝင်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနေကြောင်း ဆိုပါတယ်။

လက်ရှိမှာတော့ “ဆွမ်ချိုင်” ကို တက်တူးထိုးခွင့် ရပ်ဆိုင်းထားပြီး တက်တူးထိုးတဲ့ ကရိယာပစ္စည်းတွေကို အန္တရာယ်မရှိအောင် ဘယ်လိုကိုင်တွယ်ထိန်းသိမ်းရမလဲဆိုတဲ့ သင်တန်း တက်ရောက်စေမှာဖြစ်ပြီး ဒါတွေအားလုံး သိရှိပြီးမှ ပြန်လည်လုပ်ကိုင်ခွင့်ပေးမယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့ပေါ်မှာ တရားဝင်စာရင်းသွင်းထားတဲ့ တက်တူးဆိုင် ၅၀ ခန့်သာရှိပြီး ၁၅ ဆိုင်ကတော့ ဖရာနခွန် စီရင်စုမှာ ရှိပါတယ်။

HIV ကူးစက်မှုမှာ အဆင့် ၃ ဆင့်ရှိပြီး ကူးဆက်ပြီး ၁ ပတ်ကနေ ၄ ပတ်အတွင်းမှာ တုပ်ကွေးဖြစ်သလို ခံစားရပါတယ်။ နာတာရှည်ပုံစံမျိုး HIV ကတော့ ၁၀ နှစ်နဲ့အထက် အသက်ရှည်ကောင်း ရှည်နိုင်ပါတယ်။ ဒါပေမယ့် လုံးဝ ပျောက်ကင်းအောင် ကုသဖို့တော့ ဆေးမရှိသေးပါဘူး။


05 Sep 2018     1,529 Views




RELATED

Most Popular of International News

Most Popular of NEWS